
နေပြည်တော် ဖေဖော်ဝါရီ ၃
စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် တိုင်းရင်းသားရိုးရာအစားအသောက် ရက်သတ္တပတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးတက္ကသိုလ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လာရောက်၍ ပညာသင်ယူနေ ကြသည့် မောင်တို့မယ်တို့အနေဖြင့် တိုင်းပြည် စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သော လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို အနာဂတ်ကာလတွင် ပခုံးပြောင်း တာဝန်ယူကြရမည့်သူများ ဖြစ်သည့်အားလျော်စွာ ပြည်သူများ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့နေနိုင်ရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြု၍ အရည်အသွေးပြည့်ဝသော စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းမြောင်းစေရေးကိုပါ မျှော်မှန်းကြိုးစားကြစေလို ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းရင်းသားရိုးရာအစားအစာများကို လက်ရည် တစ်ပြင်တည်း ပျော်ရွှင်စွာစားသုံးခဲ့ကြသည်။
စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျင်းပသော အဆိုပါအခမ်းအနားကို စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများအချင်းချင်း ရင်းနှီး ခင်မင်မှု ပိုမိုရရှိစေရန်နှင့် ပြည်ထောင်စုတိုင်းရင်းသား များ၏ ရိုးရာအစားအစာများကို သိရှိလေ့လာနိုင်ကြ စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ပြီး ကံစမ်းမဲများဖောက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းအပါအဝင် ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ ကြောင်း သိရသည်။
သတင်းစဉ်