မြေလွတ်၊  မြေရိုင်းများကို  သတ်မှတ်လုပ်ငန်း အမျိုးအစားအလိုက်   ခွင့်ပြုပေးလျက်ရှိ

 

 

တောင်ကြီး    မေ   ၂၃
ရှမ်းပြည်နယ်  လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့        အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကို မေ‌၂၃ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌ၊   ပြည်နယ် မြေလွတ်၊  မြေလပ်နှင့်   မြေရိုင်း များ    စီမံခန့်ခွဲရေးကော်မတီ
ဥက္ကဋ္ဌ၊  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ       ကျော်ထွန်းက    ပြည်သူများ   တင်ပြလာသည့် လုပ်ငန်းများ  မြန်မြန်ဆန်ဆန် ဆုံးဖြတ်   ပေးနိုင်ရေးအတွက် ခရိုင်/   မြို့နယ်   လယ်စီအဖွဲ့  အဆင့်ဆင့်များကလည်း လျှောက် ထားလာသည့်            လုပ်ငန်း အမျိုးအစားများအလိုက်   စိစစ်ရ မည့်အချက်အများနှင့်  ပါရှိရမည့် အထောက်အထားများကို သေသေ  ချာချာ   စိစစ်ဆောင်ရွက်ပေးရန် အသိပေး ပြောကြားလိုကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲ့မှု အဖွဲ့နှင့်  ပြည်နယ်   မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေး   ကော်မတီအနေဖြင့်   ခွင့်ပြု ပေးနိုင်သည့်     ကိစ္စရပ်များကို အမြန်ဆုံး  ဆုံးဖြတ်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား ရယူ ခွင့်ပြုပေးနေပြီး  ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့်      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေး  ဗဟိုကော်မတီသို့ ဆက်လက် တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး  ဆောင်ရွက်နေသည် ကို အလေးအနက်ထား ပြောကြား လိုကြောင်း၊ မြေလွတ်၊မြေရိုင်းများ ကိုလည်း     သတ်မှတ်လုပ်ငန်း အမျိုးအစားအလိုက်   ခွင့်ပြုပေး လျက်ရှိရာ   သတ်မှတ်မြေခွန် ကင်းလွတ်ကာလ ကုန်ဆုံးပါက မြေခွန်များကိုလည်း အပြည့်အ၀ ထမ်းဆောင်ကြရန် တက်ရောက် လာသည့်   အဖွဲ့ဝင်များအားလုံး ကလည်း  တိုက်တွန်းပြောကြား ဆောင်ရွက်ပေးကြရန် ပြောကြား သည်။ 
ဆက်လက်၍  အစည်းအဝေး ဆုံးဖြတ်ချက်များကို         ပြည်နယ် လယ်ယာမြေ      စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊             ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံ ခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အစည်းအဝေး  အမှတ်စဉ် (၃/၂၀၂၂)    ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ   စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)ဆုံးဖြတ်ချက်များကို  ဖတ်ကြား အတည်ပြုပြီး  ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)တင်ပြချက် များအား  ဆွေးနွေးဆုံးဖြတ်ကာ မြေယာ    အယူခံအမှုတွဲများ ဆွေးနွေးဆုံးဖြတ်ပြီး  ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ  အစည်း အဝေး အမှတ်စဉ်(၄/၂၀၂၂)တင်ပြ ချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေ     ဆွေးနွေးကြသည်။ ထို့နောက်   ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှု အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်  မြေရိုင်းများ  စီမံခန့် ခွဲရေးကော်မတီ ဥက္ကဋ္ဌ     ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ ကျော်ထွန်းက       နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။ဖ
     မောင်မောင်သန်း(တောင်ကြီး)