မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ရန် အများပြည်သူသို့ အသိပေးနှိုးဆော်ချက်

 

á    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်  မော်တော် ယာဉ်ဖောင်းကြွနံပါတ်ပြားတွင်     မြို့နယ်ကိုယ်စားပြုဂဏန်း ဖော်ပြချက်နှင့်  မော်တော်ယာဉ်အမျိုးအမည်  ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်းရိုက်နှိပ်လျက်   မော်တော်ယာဉ်    ဖောင်းကြွ နံပါတ်ပြားပုံစံအသစ်အား    (၁-၇-၂၀၂၁)    ရက်နေ့မှစတင်၍ မှတ်ပုံတင်    မော်တော်ယာဉ်များတွင်       ပြောင်းလဲတပ်ဆင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
á     လက်ရှိတွင် ကနဦးမှတ်ပုံတင်ယာဉ်များ၊ နယ်ဝင်/ အမည်ပြောင်း/ လိပ်စာပြောင်း/ အင်ဂျင်ပြောင်း/ ဆေးရောင်ပြောင်း/ မော်တော် ယာဉ်မှတ်ပုံတင်စာအုပ်ပျောက် / မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်ပျောက်ယာဉ်များနှင့် နှစ်လဲသက်တမ်းတိုးမော်တော်ယာဉ်များအားလုံးကို ဖောင်းကြွနံပါတ်ပြားအသစ်များ မပျက်မကွက် ပြောင်းလဲတပ်ဆင်ပေးလျက်ရှိပါသည်။
á     မော်တော်ယာဉ်များအားလုံး  ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းအား   အချိန်တိုအတွင်း     မြန်ဆန်စွာ ရာနှုန်းပြည့်ပြီးစီးစေရေးအတွက် နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊   မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံး သည်   (၃၁-၃-၂၀၂၃)  ရက်နေ့အပြီး    သက်ဆိုင်ရာကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများနှင့်     ဆက်သွယ်၍  ဖောင်းကြွနံပါတ်ပြားအသစ်များ    ပြောင်းလဲတပ်ဆင်ကြရန် ဖြစ်ပါသည်။
á     ထို့ပြင်   ပုဂ္ဂလိကမော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့်   နှစ်လဲ သက်တမ်းတိုးချိန်တွင်ဖြစ်စေ၊ သက်တမ်းတိုးချိန်မတိုင်မီဖြစ်စေ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများ နှင့်  ဆက်သွယ်၍   ဖောင်းကြွနံပါတ်ပြားအသစ်များ   အမြန် ပြောင်းလဲတပ်ဆင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန