
မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှမော်တော်ယာဉ်ကို ကျော်တက်လိုလျှင် အောက်ပါအချက်များကို ဂရုပြုရပါမည်-
(က) နောက်မှလိုက်ပါနေသော မော်တော်ယာဉ်သည် မိမိ မော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်းရှိ မရှိ၊
(ခ) မိမိကျော်တက်လိုသော မော်တော်ယာဉ်သည် ယင်း၏ ရှေ့ရှိ မော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်ခြင်း ရှိ မရှိ၊
(ဂ) ကျော်တက်ရာတွင် မိမိအသုံးပြုမည့် ယာဉ်ကြောသွားလာမှု ရှင်း မရှင်း။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန