
မော်တော်ယာဉ်မောင်းနှင်သူသည် မော်တော်ယာဉ် နောက်ဆုတ် ချိန်တွင် အောက်ပါအချက်များကို လိုက်နာရပါမည်-
( က ) မော်တော်ယာဉ်ကို နောက်ဆုတ်လိုလျှင် မော်တော်ယာဉ် ၏ ဘေးနှစ်ဖက်နှင့် နောက်သို့ ကြည့်ပြီး အန္တရာယ်ကင်းမှ အချက်ပြ၍ ဖြည်းညင်းစွာ နောက်ဆုတ်ရမည်။ အခြား မော်တော်ယာဉ်များ အသွားအလာကို တားဆီးပိတ်ဆို့ ခြင်း မဖြစ်စေရ။
( ခ ) လမ်းသွယ်မှ လမ်းမပေါ်သို့ မော်တော်ယာဉ်နောက်ဆုတ် မထွက်ရ။
( ဂ ) တစ်လမ်းမောင်းလမ်းပေါ်တွင် နောက်ဆုတ်မမောင်းရ။
(ဃ) ဥပစာတစ်ခုခုအတွင်းမှ လမ်းပေါ်သို့ နောက်ဆုတ်မထွက်ရ။
( င ) လမ်းအသုံးပြုသော အခြားသူများအား အနှောင့်အယှက် ဖြစ်စေမည့် ကြာရှည်စွာ နောက်ဆုတ်ခြင်း မပြုရ။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန