
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၉ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၂၀၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၁၄ သန်း၊ စုစု ပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၃၄၇ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။
မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၈ ရက်မှ ၉ ရက်အထိ အဓိကတင်ပို့ခဲ့သောကုန်ပစ္စည်းများမှာ ငါးမျိုးစုံ ၉၆ ဒသမ ၃၉ တန်၊ ဂျင်း ခရုအရှင် ၇ ဒသမ ၈ တန်၊ ကဏန်းအသေ ၈ ဒသမ ၄ တန်၊ ရေခူဆားနယ် တစ်တန်၊ ရေချိုပုစွန် ၀ ဒသမ ၃၅ တန်၊ ကျောက်ပုစွန်အရှင် ၀ ဒသမ ၃၄ တန်၊ ပုစွန်ငါးပိ ၅ ဒသမ ၅ တန်၊ ငှက်ပျောသီး တန် ၅၀၊ ငရုတ်သီးစိမ်း ၅၀ ဒသမ ၆၄၁ တန် တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်အနေဖြင့် သစ်သီး ၄၈ ဒသမ ၅ တန်၊ ကြွေပြား ၈၀၀ စတုရန်းမီတာ တင်သွင်းနိုင်ခဲ့သည်။
ဇန်နဝါရီ ၉ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်း လျှင် ၁၀၂၀ ဘတ်၊ တစ်ဘတ်လျှင် မြန်မာငွေကျပ် ၉၈ ဒသမ ၀၄ ကျပ် ခန့်ရှိကြောင်း သိရသည်။
(DOT မောတောင်)