
နေပြည်တော် ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးရန် ရည်ရွယ်၍ သြဂုတ် ၃ ရက်က Myanmar News Power Motor Cycle Co.,Ltd မော်တော် ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ် ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကြီးကြပ်ရေး အဖွဲ့ဝင်များက Myanmar News Power Motor Cycle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းမှ စီးပွား ဖြစ် စတင်သတ်မှတ်ပေးရန် တင်ပြမှုအခြေအနေများ၊ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်းများအဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများအနေ ဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှု ဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး၊ လွယ်ကူ ချောမွေ့စေရေး အလေးထား ဆောင်ရွက်စေလို ကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် Myanmar News Power Motor Cycle Co.,Ltd မော်တော်ဆိုင်ကယ်တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု များကို လှည့်လည်ကြည့်ရှုရာ စက်ရုံအတွင်း လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို စက်ရုံတာဝန်ခံက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရ သည်။
အောင်ကိုကို(ပြန်/ဆက်)