ရာဘတ် စက်တင်ဘာ ၃၀
မော်ရိုကိုနိုင်ငံ၌ စက်တင်ဘာ ၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် လူအများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြကြောင်းနှင့် ၎င်းတို့၏ ကျန်းမာ ရေးမှာ စိုးရိမ်ဖွယ်ရှိကြောင်း ငလျင် လှုပ်ခတ်မှုမှ အသက်ရှင်ကျန်ရစ် သူများကို ကူညီပေးနေသော ဂျပန် သူနာပြုများက ပြောသည်။
သေဆုံးသူ ၂၉၀၀ ကျော်ရှိ
မော်ရိုကိုနိုင်ငံ အလယ်ပိုင်း ၌ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အထိ သေဆုံးသူ ၂၉၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါ ငလျင် ကြောင့် နေရာဒေသအနှံ့အပြား ရှိ အဆောက်အအုံ အများအပြား ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ များမှာလည်း အိုးအိမ်စွန့်ခွာခဲ့ရ သည်။
အာရှဆေးဘက်ဆိုင်ရာ ဆရာ ဝန်များအသင်းက ၎င်းတို့ကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ငလျင် ဘေးဒဏ်သင့်ဒေသများမှ သူနာပြု နှစ်ဦးက အင်န်အိတ်ချ်ကေသို့ ပြောသည်။ အဆိုပါ ဆေးဘက် ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့မှာ ဂျပန်နိုင်ငံအနောက်ပိုင်း အိုကာ ယာမာမြို့မှ ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှု
ပေးလျက်ရှိ
ဖူဂျီမိုတို တိုမိုကိုနှင့် အိုဂီနိုရှိုကို တို့သည် စက်တင်ဘာ ၁၃ ရက် တွင် ဂျပန်နိုင်ငံမှ ထွက်ခွာလာပြီး လက်ရှိတွင် အသက်ရှင်ကျန်ရစ် သူများအား ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိကြောင်း သိရ သည်။ ၎င်းတို့အနေဖြင့် ငလျင် မလှုပ်ခတ်မီကပင် ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီမှု အားနည်းသည့် တောင်ထူထပ် သော နေရာတစ်ခု၌ တာဝန် ထမ်းဆောင်နေကြောင်း ဖူဂျီမိုတို က ပြောသည်။
အင်န်အိတ်ချ်ကေ