
ရာဘတ် စက်တင်ဘာ ၉
မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက် ညပိုင်းမှ အင်အားပြင်းထန် သည့် ကြောက်မက်ဖွယ်ငလျင်လှုပ်ခတ်ခဲ့ရာ သေဆုံးသူဦးရေမှာ ၁၀၃၇ ဦး အထိရှိလာပြီဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ငလျင်ကြောင့်ဒဏ်ရာရရှိသူ ၁၂၀၄ ဦး ထက်မနည်းရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရ သည်။ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်မှာ မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ ၁၁ မိနစ်တွင် လှုပ်ခတ်ခဲ့ပြီး ငလျင်၏အနက်မှာ ၁၈ ဒသမ ၅ ကီလိုမီတာရှိသည်ဟု အမေရိကန် ဘူမိဗေဒ စူးစမ်းလေ့လာရေးက ပြောသည်။
ငလျင်၏ဗဟိုချက်မ နေရာမှာ အယ်ဟော့ဇ်ပြည်နယ် အီလ်မြို့ အနီးတွင်ဖြစ်သည်။ ငလျင်လှုပ်မှုကို မော်ရိုကိုတစ်လွှား မြို့ကြီးများ တွင် ခံစားရပြီး ရာဘတ်မြို့နှင့် ကာဆာဘလန်ကာမြို့တို့တွင် လည်း ငလျင်လှုပ်မှုကို ခံစားရသည်။ တရောင်းဒက်နှင့် မယ်ရာကက်ရှ် မြို့တို့ရှိ နေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု ပြည်တွင်းမီဒီယာ များတွင် ဖော်ပြသည်။ ငလျင်လှုပ်ခတ်ဖြစ်ပွားရာနေရာသို့ ကယ်ဆယ် ရေးသမားများကို စေလွှတ်ထားပြီး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများပြုလုပ်နေသည်ဟု ပြည်တွင်းမီဒီယာတွင် ဖော်ပြထား သည်။
ဆင်ဟွာ