မောင်တောမြို့တွင်းသို့ ဝင်ရောက်မည့်သူများအား ကိုဗစ်-၁၉ ပိုး ရှိ မရှိ စစ်ဆေး

မောင်‌တော   စက်တင်ဘာ  ၂
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်  မြို့တွင်းသို့    ဝင်ရောက်မည့်သူများအား နှာခေါင်းတို့ဖတ်ယူ၍ Rapid Diagnostic Test ဖြင့် ကိုဗစ်-၁၉ ပိုး   ရှိ/မရှိ  စစ်ဆေးခြင်းကို မြို့အဝင်/အထွက်ဂိတ်၌ စက်တင်ဘာ ၁  ရက် မွန်းလွဲ  ၂ နာရီမှစ၍    ဆောင်ရွက်လျက် ရှိသည်။ 
မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကံထွန်းအောင်၏    ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း အဖွဲ့က  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက်   မြို့အဝင်/အထွက်ဂိတ်၌ ယခုလို   စစ်ဆေးမှုဆောင်ရွက်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁  ရက်တွင်    မြို့တွင်းသို့ ဝင်ရောက်မည့် သုံးဘီးယာဉ်မောင်းနှင်သူများ၊   စစ်တွေမြို့မှ  ဝင်ရောက်လာသော  ကုန်တင် ကားကြီး မောင်းနှင်သူများနှင့် ယာဉ်နောက် လိုက်များ  စုစုပေါင်း   ၅၈   ဦးအား စစ်ဆေး ခဲ့ရာ ရောဂါပိုးတွေ့သူ   မရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။                            
 ခရိုင်
(ပြန်/ဆက်)