
မောင်တော ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဗဟိုလ်ကျေးရွာ၌ (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေပေး ရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီးမှူး ဦးဦးစောထွန်းက ကျေးရွာ ရေပေးရေးလုပ်ငန်း နှင့်ပတ်သတ်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် တွင် ကျေးလက်ရေပေးရေး အနေဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် မောင်တောမြို့နယ် အတွင်း လုပ်ငန်း ၁၃ ခု၊ ဘူးသီးတောင် မြို့နယ်အတွင်း လုပ်ငန်း ရှစ်ခု အား ခွင့်ပြုငွေကျပ် ၇၁၈၇ ဒသမ ၉၂ သိန်းဖြင့် ကုမ္ပဏီများကဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ရွှေဗဟိုလ် ကျေးရွာ ရေပေးရေးလုပ်ငန်း အနေဖြင့် ရေပိုက်လိုင်းသွယ် တန်းခြင်း ပေ ၇၂၀၀ ၊ ရေစုကန် ဂါလန် ၅၀၀၀ ဆံ့ တစ်ကန်အား ခွင့်ပြုငွေကျပ် သိန်း ၂၆၀ ဖြင့် ဂိုးဒင်းကမ္ဘာကုမ္ပဏီက ဆောင်ရွက် ပေးခဲ့ပြီး အိမ်ခြေ ၇၆အိမ်၊ လူဦးရေ ၃၃၉ ဦးကို အကျိုးပြုနိုင်မည်ဖြစ် သည်။
ဆက်လက်၍ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ဦးစီးမှူး ဦးဦးစောထွန်းက ဖွင့်ပွဲအခမ်းအနား အမှတ်တရ အလံငယ်များကို တာဝန်ရှိသူများ ထံပေးအပ်ပြီး အခမ်းအနားကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် အခမ်းအနား သို့ တက်ရောက်လာကြသောသူ များက ရေပေးဝေရေးဆောင်ရွက် မည့် ရေစုကန်ကို ကြည့်ရှုခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး
(ပြန်/ဆက်)