မောင်တောမြို့နယ် သစ်တုံးနားခွဆုံကျေးရွာ၌ တောင်ကျရေတိုက်စားမှုကြောင့် တံတားနှစ်စင်းပျက်စီး

မောင်တော    ဩဂုတ်    ၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သစ်တုံးနားခွဆုံ ကျေးရွာ၌    ဩဂုတ်   ၆  ရက်     နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ တံတားနှစ်စင်း ပျက်စီးသွားကြောင်း သိရသည်။ 
တောင်ကျရေများစီးဆင်းကာ ချောင်းရေလျှံလာ ပြီး  သစ်တုံးနားကျေးရွာအုပ်စု ခွဆုံကျေးရွာ၌ နေအိမ် များအတွင်းသို့  ရေနစ်မြုပ်မှုကြောင့် ရေဘေးလွတ်ရာ အိုးထိန်းကျေးရွာရှိ UEHRD က ဆောက်လုပ်ပေးထား သော   စုပေါင်းခန်းမဆောင်၌  ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၂၁၇ စု၊ အမျိုးသား ၁၃၃ ဦး၊ အမျိုးသမီး ၁၂၈ ဦး စုစုပေါင်း ၂၆၁ ဦးတို့ အတွက် လတ်တလော စားသောက်ရေးအဆင်ပြေ စေရေးအတွက် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။   အဆိုပါ   မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မောင်တော-အောင်သပြေကားလမ်းပေါ်ရှိ သစ်တုံးနားကျေးရွာအုပ်စုရှိ အလျား ပေ ၂၆၀၊ အနံ ၁၂ ပေ ရှိ လကျ်ာချောင်းတံတားနှင့် ရဲအောင်စံရဖွေ ကျေးရွာအုပ်စုရှိ အလျားပေ   ၂၀၀၊  အနံ ၁၂ ပေရှိ  မာဇီးတံတားများ  ပျက်စီးခဲ့သဖြင့်  ယာဉ်အသွားအလာ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)