မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စု မြိုယုကျေးရွာသစ်တွင် ယာယီစာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်ရိုက် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် ကျောင်းဝတ်စုံ၊ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်

 

 

နေပြည်တော်   မေ   ၂၄
ရခိုင်ပြည်နယ်     အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မောင်တော မြို့နယ်   ကျောက်ပန္ဒူကျေးရွာ အုပ်စုတွင်  ယာယီတိုက်ပွဲရှောင် မြိုတိုင်းရင်းသား   အိမ်ထောင်စု များအတွက်    နေရာချထားပေး သည့် မြိုယုကျေးရွာသစ်၌ နေထိုင် လျက်ရှိသော       မိသားစုများမှ ကျောင်းသား    ကျောင်းသူများ ပညာသင်ကြားရန်အတွက် ယာယီ အခြေခံပညာ မူလတန်း ကျောင်း ဆောင်သစ်    ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာကို ယနေ့နံနက် ပိုင်းတွင် အဆိုပါရွာသစ်၌ ကျင်းပ ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာသူ   ကျေးရွာသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ယာယီကျောင်းဆောင် သစ် ဆောက်လုပ်မည့် သတ်မှတ် နေရာအသီးသီး၌ ပန္နက်ရိုက်ပေး ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ကြသည်။      ထို့နောက်  တိုင်းမှူးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး    ဦးတင်လှတို့က   အမှာ စကားများ      ပြောကြားကြပြီး ပြည်နယ်လူမှုရေး      ဝန်ကြီး ဦးအောင်မျိုး က အိမ်ထောင်စုဝင် များအတွက်        လိုအပ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား     စိစစ်ရေးကတ်များ ကွင်းဆင်း   ဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့်      ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်    ကျေးရွာသူ ကျေးရွာသားများက    ကျေးရွာ အတွက် အထွေထွေလိုအပ်ချက် များနှင့်    ပတ်သက်၍    ရှင်းလင်း တင်ပြရာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက       လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြိုတိုင်းရင်း သား     အိမ်ထောင်စု   ၅၄  စုတို့ အတွက်  ဗုဒ္ဓဆင်းတုတော်များ၊ စိတ်ပုတီးနှင့်   တရားစာအုပ်များ ပေးအပ်လှူဒါန်းပြီး     ပြည်နယ် ဘေးအန္တရာယ်  စီမံခန့်ခွဲမှုဦးစီး ဌာနမှ  ထောက်ပံ့သည့်   ကျောင်း ဝတ်စုံ  ၁၃၂  စုံ၊   ဆန်   ၅၄  အိတ် နှင့်    စားသောက်ကုန်ပစ္စည်း     မျိုးစုံတို့ကို   ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်