
မောင်တော ဇူလိုင် ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြစိမ်းရောင်စီမံကိန်းကျေးရွာများ ၏ အတိုး၊ အရင်းပြန်လည်ပေးဆပ် ပြီး ပြားသားသုခမြိုင်ကျေးရွာ၌ ငါးကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းချေးငွေများကို ဇူလိုင် ၉ ရက်က အိမ်တိုင်ရာရောက် ထပ်မံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် အတွင်း မြစိမ်းရောင်စီမံကိန်း ချေးငွေများ ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာစီမံကိန်း တာဝန်ခံများ ပူးပေါင်းကာ ပြားသားသုခမြိုင် ကျေးရွာရှိ ရေလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးအတွက် ငွေကျပ်သိန်း ၁၃၀၀၀၀၀၀၊ ရောင်းဝယ်ရေး လုပ်ကိုင်သူ ၁၀ ဦးအတွက် ငွေကျပ် သိန်း ၇၇၀၀၀၀၀၊ မွေးမြူ ရေး လုပ်ကိုင်သူ ၃၄ ဦးအတွက် ငွေကျပ် သိန်း ၁၈၆၀၀၀၀၀ စုစု ပေါင်း ငွေကျပ်သိန်း ၃၉၃၀၀၀၀၀ ကို အိမ်တိုင်လာရောက် ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)