မောင်တောကုန်သွယ်ရေးစခန်း၌ ဩဂုတ် ၁ ရက်မှ ၁၃ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၆၇ သန်း ဆောင်ရွက်နိုင်

 

မောင်တော   ဩဂုတ်  ၁၇


၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်   ဩဂုတ်လလျာထားချက်မှာ  ပို့ကုန်  အမေရိကန်ဒေါ်လာ ၁  ဒသမ  ၅  သန်း၊  သွင်းကုန် အမေရိကန်ဒေါ်လာ  ၀ ဒသမ ၀၃ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁  ဒသမ  ၅၃ သန်းဖြစ်ပြီး ဩဂုတ် ၁ ရက်မှ ၁၃  ရက် အထိ  အမှန်ဆောင်ရွက်နိုင်မှုမှာ   ပို့ကုန် အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၆၇ သန်း၊  ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၀  ဒသမ  ၆၆၇ သန်း   ဆောင်ရွက်နိုင် ခဲ့ပြီး လျာထားချက်အပေါ်  ၄၃  ဒသမ   ၅၉   ဆောင်ရွက် နိုင်ခဲ့သည်။


မောင်တောကုန်သွယ်ရေးစခန်းမှ   ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊  ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပြီး ဩဂုတ် ၁ ရက်မှ ၁၃ ရက်အထိ  တင်ပို့ခဲ့သည့်   လယ်ယာထွက်ကုန် ပစ္စည်းမှာ  ချင်း (အစို)  ၃၃၆  ဒသမ  ၂၅  တန်၊  တညင်းသီး  တန် ၄၀၊ နနွင်းတက် ငါးတန်၊ ကွမ်းသီး နှစ်တန်၊ ထန်းလျက် ၁ ဒသမ ၅ တန်၊  ရေထွက်ပစ္စည်းမှာ  ငါးမြစ်ချင်း ၃၃၀ ဒသမ ၃၁၁  တန်၊ ငါးနီတူခြောက်  သုံးတန်၊ ငါးကုန်း ညိုခြောက် ၈ ဒသမ ၅ တန်၊ ငါးစုံ လေးခြောက် ၅၄ ဒသမ ၅ တန်၊ ငါးခေါင်းပွ  ၆ ဒသမ  ၂၀၅ တန်၊ စက်မှု    ကုန်ချောပစ္စည်းများမှာ   ဆီးယိုထုပ် သုံးတန်၊ ဆန်ကြာဆံ တစ်တန်၊ ထွန်းရွှေဝါလိမ်းဆေး နှစ်တန်၊ သနပ်ခါးခဲ နှစ်တန်နှင့် မုန့်ဖတ်ခြောက်  ၀ ဒသမ ၅  တန် တင်ပို့နိုင်ခဲ့သည်။ ဩဂုတ် ၁၄ ရက် နံနက် ၁၁ နာရီအထိ  ပြင်ပငွေလဲ နှုန်းမှာ  တစ်ဒေါ်လာလျှင်   ၃၄၆၃   ကျပ်၊ ၁၁၆ ဒသမ ၂၀ တာကာ၊ ကျပ်  ၁၀၀ လျှင် လေးတာကာ၊  တစ်တာ ကာလျှင် ၂၉ ဒသမ ၈ ကျပ်နှုန်း ဖြစ်ပေါ်လျက်ရှိကြောင်း  သိရ သည်။               

စီးပွားကူးသန်း