
ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
စစ်တွေ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့နှင့်အတူ ယနေ့နံနက်ပိုင်းက မောင်တောခရိုင် အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်ပြီး ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ကြသည်။
တက်ရောက်
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားပြောကြား ကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးက ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ပန်းခင်းစီမံချက်အကြောင်းအား ရှင်းလင်းပြောကြား သည်။
ဂုဏ်ပြုလက်မှတ်များ ပေးအပ်
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက မောင်တောခရိုင်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခံရယူကြ သည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက မောင်တောခရိုင်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေ စာရင်း ၂၇၉ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၅၂၉ ကတ်အားပေးအပ်ရာ မောင်တောမြို့နယ်နှင့် ဘူးသီး တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သော မောင်တောခရိုင်ဦးစီးမှူး၊ မောင်တောမြို့နယ်ဦးစီးမှူး နှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးတို့အား ဂုဏ်ပြု လက်မှတ်များ ပေးအပ်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာ တွင် တောင်သူနှစ်ဦး၏ လယ်ဧက ၁၅ ဧကတွင် ဆင်းသွယ်လတ် မိုးစပါးတောင်သူပညာပေး(Raised Bed)စိုက်ပျိုးထားရှိမှု၊ အီအမ်ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေး ကြပြီး တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြပြီး တောင်သူများအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဂန္ဓမာ(နတလ)ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၅၃၀ ဒသမ ၆၉၉ သန်းဖြင့် ကျေးလက်အိမ်ရာ အလုံး ၆၀ ဆောက်လုပ်ပြီးစီးနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ခရိုင်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် ဆေးရုံအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မောင်တောနှင့် ဘူးသီး တောင်မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မောင်တောနှင့် ဘူးသီးတောင်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေကျပ်သိန်း ၂၀ စီနှင့် ဂုဏ်ပြုမှတ်တမ်းများအားလည်းကောင်း၊ မောင်တော နှင့် ဘူးသီးတောင်မြို့နယ်များတွင် အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေကျပ် သိန်း ၁၀၀ စီအား လည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာ ဝန်ကြီးများနှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လည်း ကောင်း လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် သစ်ခွဖြူလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းနှင့် ရေနုတ်ပြွန်တံတားငယ် လေးစင်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)