
နေပြည်တော် ဇူလိုင် ၃၀
ရခိုင်ပြည်နယ် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၌ ထားရှိအသုံးပြု မည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ RT-PCR စနစ်ဖြင့် စစ်ဆေးဓာတ်ခွဲ စမ်းသပ်မည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲခန်း မော်တော်ယာဉ်ကို တပ်မတော် ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ဇူလိုင် ၂၄ ရက်တွင် သယ်ဆောင်လာခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀) သို့ ရောက်ရှိ သည်။
အဆိုပါ ဓာတ်ခွဲခန်းမော်တော် ယာဉ်ကို ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် သွားရောက် ကြည့်ရှုကြရာ စစ်တွေမြို့ အထွေ ထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့် တာဝန် ရှိသူများက ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးရာ တွင် အသုံးပြုသည့် ဓာတ်ခွဲ ခန်းသုံး ပစ္စည်းကိရိယာများနှင့် ပတ်သက်၍ ရှင်းလင်းပြသကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်တိုင်းမှူးတို့က မောင်တော ခရိုင် ပြည်သူ့ဆေးရုံသို့ ဆက် လက်ပို့ဆောင်နိုင်ရေး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်