မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 

မောင်တော   ဇန်နဝါရီ   ၁၃


ရခိုင်ပြည်နယ်        မောင်တော မြို့၌        ဒေသဖွံ့ဖြိုးရေးအတွက်   တည်ဆောက်ရေး  လုပ်ငန်းများ၏ ဆောင်ရွက်နေမှု  အခြေအနေများ အား      ယနေ့နံနက်ပိုင်းက မောင်တောခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ကံထွန်း အောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  

 


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန         ခန်းမ၌ မြို့နယ်   စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ   ဦးမောင်အေး သိန်းက        တည်ဆောက်ရေး လုပ်ငန်းများ၏  ခွင့်ပြုရန်ပုံငွေများ နှင့်      လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများနှင့်         ပတ်သက်၍ ရှင်းလင်းတင်ပြပြီး          မြို့နယ် တည်ဆောက်ရေး        လုပ်ငန်းများ  စိစစ်ရေး          ကော်မတီဝင်များက ပဏာမစိစစ်တွေ့ရှိမှု အခြေအနေ များ တင်ပြခဲ့ကြသည်။  

 


ထို့နောက်   ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ         ဦးနေဦးနှင့် အဖွဲ့ဝင်များ၊  ခရိုင်တည်ဆောက် ရေးလုပ်ငန်းများ           စိစစ်ရေး ကော်မတီဝင်များသည်  ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်အတွင်း    ရခိုင် ပြည်နယ်   စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့်   တည်ဆောက် ရေး လုပ်ငန်းများအနက် ကုမ္ပဏီ များမှ  တာဝန်ယူဆောင်ရွက်လျက် ရှိသော တည်ဆောက်ရေးလုပ်ငန်း များဖြစ်သည့်  ပြည့်ဆန္ဒကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၅၈ ဒသမ ၅၆၄ သန်းဖြင့်     ဆောင်ရွက်လျက်ရှိ သည့်    ဝေသာလီအလယ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊  Golden Kabar ကုမ္ပဏီမှ   ခွင့်ပြုရန်ပုံငွေ ၁၁၈    ဒသမ   ၅၉၃   သန်းဖြင့်  ဆောင်ရွက်လျက်ရှိသည့် ဝေဘာဂီ လမ်း  ကွန်ကရစ်ခင်းခြင်းလုပ်ငန်း နှင့်          ဗိုလ်မှူးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ Akyab Clay    ကုမ္ပဏီမှ   ခွင့်ပြုရန်ပုံငွေ ၁၂၅   ဒသမ    ၁၄၂   သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကမ်းနား လမ်းဖြတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့်       အလောင်းဘုရား လမ်းဘေးကျောက်စီ  ရေမြောင်း၊ ရေမြောင်းကွန်ကရစ်           အဖုံး ပြုလုပ်ခြင်းလုပ်ငန်း ၊  နန်းပန်းလှိုင် ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၂၇၇ ဒသမ ၅၇၁    သန်းဖြင့်    ဆောင်ရွက် လျက်ရှိသည့် မောင်နီရွာသွားလမ်း အပိုင်း(၁)   ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ၊    ရွှေမြအောင်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ   ၁၄၂ ဒသမ  ၁၁၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လသာရွာသွားလမ်း    အပိုင်း(၁)ကွန်ကရစ်ခင်းခြင်း       လုပ်ငန်း များအား         မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး      သတ်မှတ် ကာလ       ဘဏ္ဍာရေးနှစ်အတွင်း စံချိန်၊    စံညွန်း  အရည်အသွေး ပြည့်မီစွာဖြင့်  အချိန်မီပြီးစီးနိုင် ရေးဆောင်ရွက်ကြရန်    ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး ခရိုင်(ပြန်/ဆက်)