မြောင်းမြတံတားလုပ်ငန်းတွင် ပါဝင်ခဲ့သောမြေများအတွက် လျော်ကြေးငွေကျပ်သိန်း ၂၈၀၀ ကျော် ပေးအပ်

 

မြောင်းမြ    အောက်တိုဘာ    ၁၄


မြောင်းမြတံတား တည်ဆောက် ရေးစီမံကိန်း ပေ ၃၀၀  အတွင်း ပါဝင်ခဲ့သော      သိမ်းဆည်းခံမြေ များ၏    မူလတောင်သူများသို့ မြေယာလျော်ကြေး သိန်းပေါင်း ၂၈၀၀ ကျော်ကို   ဧရာဝတီတိုင်း ဒေသကြီး      မြောင်းမြခရိုင် လယ်ယာမြေနှင့်   အခြားမြေများ သိမ်းဆည်းခံရမှုများ   ပြန်လည် စိစစ်ရေးကော်မတီက အောက်တို ဘာ ၁၃ ရက်က ပေးအပ်သည်။

 


လျော်ကြေးငွေ   ပေးအပ်ရာ တွင် မြောင်းမြခရိုင် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုများ      ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ   ဦးစန်းဌေးက လယ်ယာမြေများ    လျော်ကြေး ပေးရခြင်းနှင့်        ပတ်သက်၍ ရှင်းလင်း    ပြောကြားပြီးနောက် ကော်မတီဥက္ကဋ္ဌက      တောင်သူ ဒေါ်သန်းသန်းအေးအား  မြေ  ၃ ဒသမ ၆၃ ဧက အတွက် ငွေကျပ် ၉၀၇၅၀၀၀၀၊ ဒေါ်စန်းအေးအား မြေ (၁ ဒသမ ၃၄၊  ၀  ဒသမ ၉၄၊ ၀ ဒသမ ၂၃)ဧက အတွက် ငွေကျပ် ၅၀၂ သိန်း၊ ဦးလှမျိုးကျော်အား မြေ ၁  ဒသမ   ၄၅  ဧကအတွက် ငွေကျပ်သိန်း  ၂၉၀   ကို လည်း ကောင်း၊   ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်        ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်းက    တောင်သူ ဒေါ်တင်တင်အေးနှင့်       ဒေါ်ချိုပြုံး တို့အား  မြေ ၄  ဒသမ ၃၅ ဧက အတွက်    ငွေကျပ်သိန်း   ၈၇၀၊    ဦးမြင့်သိန်းအား  ၀  ဒသမ  ၂၈  ဧက အတွက်   ငွေကျပ်     ၁၀၆၄၈၀၀၀ ကို  လည်းကောင်း၊    အဖွဲ့ဝင်         ဒုတိယရဲမှူးကြီး          မောင်မောင်စိုး က      တောင်သူ        ဦးကြည်စိုး၏ အိမ်တစ်လုံးအတွက်  ငွေကျပ် ၂၅၂၀၀၀၀၊       ဦးသန်းဝင်း ၏ မြေ ၀ ဒသမ ၁၂ ဧကအတွက် ငွေကျပ်၂၄ သိန်း ကိုလည်းကောင်း၊ အဖွဲ့ဝင်ဆရာကြီး  ဦးဝင်းစိန်က    တောင်သူ    ဒေါ်ခင်ဆွေဦးအား မြေ ၀ ဒသမ ၂၄ ဧက အတွက်   ငွေကျပ်    ၄၈ သိန်း၊ ဒေါ်အေးသိန်း အား  ၀ ဒသမ ၁၉ ဧကအတွက်  ငွေကျပ် ၃၈ သိန်းကိုလည်းကောင်း၊ ဒုတိယခရိုင်        အုပ်ချုပ်ရေးမှူး   ဦးစိုးထွန်းက တောင်သူ ဦးဇော်ထွန်း အား  ၀ ဒသမ ၀၄   ဧက   အတွက်      ငွေကျပ်ရှစ်သိန်းကို လည်းကောင်း ပေးအပ်သည်။


 ခရိုင် (ပြန်/ဆက်)