
မြောင်းမြ အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီတွင် ဧရာ၀တီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမ၌ ကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး မုဆိုးကွင်းကျေးရွာ အုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၂၀ ၊ မဒေါ့ပင် ကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၈ ကတ်၊ သဇင်ကုန်းကြီးကျေးရွာအုပ်စုမှ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၄၂ ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း ၅၀၀ နှင့် သိလ္လာအုပ်စုမှ အိမ်ထောင်စုလူဦးရေစာရင်း ၃၀၀ တို့ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ရာ မုဆိုးကွင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)