မော်လမြိုင်တွင် ဗညားဒလတန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ ရောင်းချမည်ဖြစ်၍ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်

 

မော်လမြိုင်  စက်တင်ဘာ   ၁၅


မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကြာအင်း​ကျေးရွာ  မော်လမြိုင်-မုဒုံလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင်တည်ရှိသော ဗညားဒလ တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများကို  ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင်   ရောင်းချပေးမည်ဖြစ်၍  မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။


အဆိုပါ ဗညားဒလတန်ဖိုးသင့်အိမ်ရာ  တိုက်ခန်းတစ်ခန်း  ၆၅၀ စတုရန်းပေအကျယ်တွင် ဧည့်ခန်းတစ်ခန်း၊   Master  Bed  Room  တစ်ခန်း၊ ရိုးရိုးအိပ်ခန်း တစ်ခန်း၊ မီးဖို​ခန်း တစ်ခန်းတို့ ပါဝင်ခြင်းအပြင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး၊ စည်ပင်ရေရရှိရေးနှင့်အမှိုက်စွန့်ပစ်မှုစနစ် ကောင်းမွန်စွာ ဆောင်ရွက်ပေးထားပြီး Bath & W/C နှင့် မီးဖိုခန်းတွင် ကြမ်းခင်းကြွေပြားများ၊ နံရံကြွေပြား ငါးပေအမြင့်ဖြင့် ပြတင်းတံခါး ပေါက်တို့၌  သံပန်းများ  တပ်ဆင်ပေးခြင်း၊  တိုက်ရှေ့မျက်နှာစာတွင် ကားရပ်နားရန် ကားပါကင်များ  ထည့်သွင်းတည် ဆောက်ပေးထားကာ စိမ်းလန်း စိုပြည်သော   မြက်ခင်းပြင်အလှနှင့် ကလေးကစားကွင်းများ ထည့် သွင်း တည်ဆောက်လျက်ရှိသည်။


ယင်းတိုက်ခန်းများအား ဝယ် ယူလိုသူများအနေဖြင့်မြေညီထပ် ငွေကျပ် ၂၃၅ သိန်း၊ ပထမထပ် ငွေကျပ် သိန်း ၂၁၀ ၊ ဒုတိယထပ် ငွေကျပ် ၁၉၅ သိန်းနှင့် တတိယ ထပ်  ငွေကျပ်  သိန်း  ၁၈၀  တို့       ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူထားသည့်      တိုက်ခန်း အတွက်      ပိုင်ဆိုင်ခွင့်စာအုပ် (Owner Book)ထုတ်ပေးသွားမည် ဖြစ်ကာ ဝယ်ယူလိုပါက ဖုန်းနံပါတ် ၀၅၇၂၀၂၅၉၅၃ သို့ ဆက်သွယ်၍ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရ သည်။    

  ဇာဖြူဝင်း(ပြန်/ဆက်)