
မော်လမြိုင် ဇန်နဝါရီ ၆
နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာနှင့် အညီ အဆင့်မြင့်မားတိုးတက်စေ ရေးအတွက် နိုင်ငံတော်မှ ဆောင် ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်မှစတင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ ကို တစ်ပြိုင်နက်တည်း ဖွင့်လှစ် ပေးရာ မွန်ပြည်နယ် မော်လမြိုင် တက္ကသိုလ်တွင်လည်း ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်တက္ကသိုလ်တွင် နေ့သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးရာ၌ စတုတ္ထနှစ်ဥပဒေပညာ (ဒုတိယနှစ်ဝက်) သင်တန်းတွင် ၁၅၂ ဦး၊ မဟာအရည်အချင်းစစ် သင်တန်းတွင် ၆၃ ဦး၊ တတိယနှစ် ဂုဏ်ထူးတန်း သင်တန်းတွင် ၄၁ ဦး၊ မဟာတန်း ပထမနှစ်(ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းတွင် ၇၉ ဦး၊ မဟာတန်း ဒုတိယနှစ်(ဝိဇ္ဇာ၊ သိပ္ပံ)သင်တန်းတွင် ၃၃ ဦးတို့က ဘာသာ ရပ်အလိုက် တက်ရောက်သင်ကြား ကြမည်ဖြစ်ရာ ကိုဗစ် - ၁၉ ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ဖွင့်လှစ်ပေးမည်ဖြစ် သည်။
ဇာဖြူဝင်း
(ပြန်/ဆက်)