မော်လမြိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်   စက်တင်ဘာ    ၂၀


မွန်ပြည်နယ်   မော်လမြိုင်မြို့ရှိ  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်  (ဌာနေ)    တပ်ဖွဲ့ဝင် များကို  ယနေ့မွန်းလွဲပိုင်းတွင်  အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက မော်လမြိုင်မြို့ရှိ နယ်မြေခံ      တပ်ရင်းခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းမှူးက အမှာ စကားပြောကြားပြီး စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့ စစ် (ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်  ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ    ရှမ်းပြည်နယ် (အရှေ့ပိုင်း)   မိုင်းဖြတ်မြို့နယ်ရှိ  စစ်မှုထမ်းဟောင်း    အဖွဲ့ဝင်များ၊ တနင်္သာရီ        တိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ    လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊   ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့ပေါ်  ရပ်ကွက်များရှိ ဒေသခံပြည်သူများ ကို   သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များက ဆန်၊ ဆီ၊ ကြက်ဥ များနှင့် စားသောက်ဖွယ်ရာများကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
  သတင်းစဉ်