မော်လမြိုင်မြို့နှင့် ကျောင်းကုန်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တပ်ဆင်လည်ပတ်နေမှု အခြေအနေများ ကြည့်ရှု

 

နေပြည်တော်   စက်တင်ဘာ    ၁၈


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်    သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အောက်ဆီဂျင်   လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxy-gen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင်  Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိသည်။


ထိုသို့     တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင်   မွန် ပြည်နယ်      မော်လမြိုင်မြို့ နယ်မြေခံဆေးတပ်ရင်းရှိ တစ်ရက် လျှင် အောက်ဆီဂျင်လီတာ ၄၀ ဝင် ၁၂၀ လုံး ထွက်ရှိမည့် အောက်ဆီ ဂျင်စက်ရုံ     တည်ဆောက်နေမှု အခြေအနေများနှင့်   ဧရာဝတီ တိုင်းဒေသကြီး  ကျောင်းကုန်းမြို့ ရှိ တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဝင် အလုံး ၈၀ ထုတ်လုပ် နိုင်သည့် အောက်ဆီဂျင်ထုတ်စက် ရောက်ရှိ တပ်ဆင်နေမှုအခြေအနေ များကို သက်ဆိုင်ရာ    တိုင်းစစ် ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ    ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြကြောင်း      သတင်း ရရှိသည်။                

 သတင်းစဉ်