မော်လမြိုင်မြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

 

မော်လမြိုင်  ဇူလိုင်   ၃၀

 

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မော်လမြိုင်မြို့ရှိ အများပြည် သူများ သွားလာမှုလွယ်ကူချောမွေ့စေရန်၊ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ မြို့အဝင်၊ မြို့တွင်း လမ်းများနှင့် ကမ်းနားလမ်း ရေပေါ်ညဈေးတို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


“ဘားအံ့မြို့နဲ့ ကျိုက်မရောမြို့ကနေ မော်လမြိုင်မြို့ကိုလာမယ်ဆိုရင် ၂ မိုင် ၇ ဖာလုံရှိတဲ့  ဖက်ခင်းလမ်းက  မော်လမြိုင် မြို့ရဲ့    ဝင်ပေါက်ဖြစ်သလို    ကုန်စည် စီးဆင်းရာမှာလည်း အဓိကအချက်အချာကျတဲ့  လမ်းလည်း ဖြစ်ပါတယ်။  နေ့စဉ် ယာဉ်ကြီး၊ ယာဉ်ငယ် တွေ   မြို့ကိုအဝင် အထွက်များတဲ့အတွက်  ယာဉ်အန္တရာယ်ကင်းရှင်းစွာ   သွားလာနိုင် ဖို့နဲ့   ကုန်စည်တွေကို    မြန်မြန်ဆန်ဆန်   သယ်ယူပို့ဆောင်နိုင်ရန်အတွက်          မူလ လမ်း အကျယ်  ၂၄  ပေရှိတဲ့  ကတ္တရာလမ်း ကို အခုဆိုရင် လမ်းအကျယ် ၃၆ ပေရှိတဲ့ နိုင်လွန်ကတ္တရာလမ်းကို    တိုးချဲ့ထားပါ တယ်”  ဟု  မော်လမြိုင်မြို့နယ်  စည်ပင် သာယာရေးအဖွဲ့    အမှုဆောင်အရာရှိ ဦးအောင်ထွဋ်က  ပြောသည်။

 


မော်လမြိုင်မြို့ဝင်  ဟင်္သာအဝိုင်းတွင် ရှိသည့်  ရေမြောင်းပလက်ဖောင်းတည် ဆောက်ခြင်း၊ free  Lane  များ တည် ဆောက်ခြင်း၊  Land  scape   များ တည်ဆောက်ခြင်းတို့ကို  ယခုဘဏ္ဍာနှစ် တွင် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 


ဆက်လက်၍   မော်လမြိုင်  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိက  “ တောင်ဝိုင်းလမ်းက   မော်လမြိုင် တက္ကသိုလ်ရဲ့ အဓိကလမ်းမကြီးဖြစ်သလို တောင်ညိုတောင်ခြေရိုးမှာရှိတဲ့  ဘုရား စေတီတွေကို  သွားတဲ့လမ်းမကြီးလည်း ဖြစ်တယ်၊ တက္ကသိုလ်မှာ ပညာသင်ကြား နေတဲ့   ကျောင်းသား  ကျောင်းသူတွေနဲ့ ဒေသခံပြည်သူတွေ    ယာဉ်အန္တရာယ် ကင်းရှင်းစွာ  သွားလာနိုင်ဖို့  ရည်ရွယ်ပြီး မူလလမ်းအကျယ်  ၂၄  ပေကနေ  အခု ဆိုရင်    လမ်းအကျယ်   ၃၆    ပေထိ  တိုးချဲ့    ဆောင်ရွက်ထားပါတယ်”   ဟု ပြောသည်။

 


 အဆိုပါ  တောင်ဝိုင်းလမ်း အရှည်ပေ ၄၃၅၃ပေ  ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ  ဆောင်ရွက်ပြီး  ဖြစ်သော် လည်း နာဂဝံသချောင်းထိပ်မှ ဈေးချိုဝိုင်း အထိ ကျန်ရှိသည့် လမ်းပိုင်းကို  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင် အထည်ဖော်    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 


မြို့တွင်းလမ်းများကဲ့သို့  ကမ်းနား လမ်း  ရေပေါ်ညဈေးကိုလည်း  အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိရာ   လုပ်ငန်းဆောင်ရွက်မှု   ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


ကမ်းနားလမ်း ရေပေါ်ညဈေး အဆင့် မြှင့်တင်ဆောင်ရွက်နေမှုနှင့်  စပ်လျဉ်း၍ မော်လမြိုင်မြို့နယ်  စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိက  “ ယခင်ည ဈေးတန်းရဲ့     ကမ်းနားလမ်းပေါ်မှာရှိ တဲ့  Slab ဧရိယာပေါ်မှာ Welcome Mawlamyine စာလုံးပုံဖော်ပြီး  Green Night     ကျောက်အခင်းအလှဆင်မှု၊   ကိုယ်လက်လှုပ်ရှား  ကျန်းမာရေးအတွက် အားကစားပစ္စည်းများ   တပ်ဆင်မှု၊ Tennis Floor Paint အဆင့်မြှင့်တင်မှု ၊ အလှမီးများ တပ်ဆင်မှုနဲ့ မူလလျှောက် လမ်းမှာရှိတဲ့ ကြမ်းခင်းကို  Clay tile တွေ နဲ့ အဆင့်မြှင့်တင်ခြင်းတို့ကို  ဆောင်ရွက် လျက်ရှိပါတယ်” ဟု ပြောသည်။

 


အဆိုပါ   ကမ်းနားလမ်း  ရေပေါ် ညဈေး   အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်  ၇ ရက်မှ   စတင်၍  တည်ဆောက်လျက်ရှိရာ အောက်တိုဘာ ၃၀ ရက်တွင်   လုပ်ငန်းများ အားလုံး ပြီးစီးအောင်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။                

မင်းမင်း