
မော်လမြိုင် ဒီဇင်ဘာ ၂၆
ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိမှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုနိုင်စေမည့် ရည်ရွယ်ချက်ဖြင့် (Myanmar Fitness Dance) စုပေါင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မော်လမြိုင်မြို့ စစ်ကဲကုန်းရပ် ကမ်းနားလမ်း ရေပေါ်ညဈေးနေရာတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများနှင့် သင်တန်းသူများ၊ ပညာရေးကောလိပ် သင်တန်းသူများ၊ သူနာပြုသင်တန်းသူများနှင့် ဒေသခံအားကစားဝါသနာရှင်များ စုပေါင်းပါဝင်ဆင်နွှဲကြသည်။
စုပေါင်းကိုယ်လက်လှုပ်ရှားမှု ကို အားကစားနှင့် ကာယပညာ သိပ္ပံ (မော်လမြိုင်) မှ သင်တန်း နည်းပြများက ကျန်းမာရေး အထောက်အကူပြု အားကစား နည်း လေ့ကျင့်ခန်းအတွဲ (၁)၊ (၂)၊ (၃) ကို စိတ်ပါဝင်စားစွာ လိုက်ပါကစားနိုင်စေရန် သရုပ်ပြ ပေးရာတွင် ပါဝင်ကစားသူများ သည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စုပေါင်းလှုပ်ရှားကစားကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က မြန်မာ့အားကစား အဆင့် အတန်း တိုးတက်မြင့်မားစေရေး သည် နိုင်ငံတော်က အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် ခံယူ ကာ ပြည်သူများ ကိုယ်ကာယ ကြံ့ခိုင်မှုရှိမှသာ ကျန်းမာပျော်ရွှင် သော ဘဝပိုင်ဆိုင်နိုင်မည်ဖြစ် ကြောင်းနှင့် လူတိုင်းကိုယ်ကာယ လေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက် လျှင် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုမည် ဖြစ် ကြောင်း ပြောကြားသည်။
ထို့အတူ မော်လမြိုင်ကမ်းနား လမ်း တစ်လျှောက်တွင်လည်း လမ်းလျှောက်သူများ၊ ကိုယ်လက် လှုပ်ရှား အားကစားလေ့ကျင့်ခန်း ဆောင်ရွက်သူများ အတွက် လေကောင်း၊ လေသန့် ရရှိပြီး စိတ်လက် အပန်းဖြေစရာနေရာ စီစဉ်ပေးထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)