
မော်လမြိုင် ဇန်နဝါရီ ၂၃
ကိုဗစ်-၁၉အလွန်ကာလများတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ကြရေးအတွက် မော်လမြိုင်မြို့ကျက်သရေဆောင် ဆံတော်ရှင်ဦးဇိနစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေစင်၊ ရွှေပြား ကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား အကြီးစား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဖြင့် ပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ဆံတော်ရှင် ဦးဇိနစေတီတော်၏ ဝေသန္တရာတန်ဆောင်းတွင် ကျင်းပသည်။
အလှူငွေ ပေးအပ်ပွဲသို့ မော်လမြိုင်မြို့ ရွှေပရိယတ္တိစာသင် တိုက်မှ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြု၍ ပင့်ဖိတ်တော်မူသော ဆရာတော် ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင် များ တက်ရောက်ကြပြီး ရွှေပရိ ယတ္တိစာသင်တိုက် ဆရာတော် ထံမှ ငါးပါးလီလခံယူဆောက် တည်ကာ ဆရာတော် ၊ သံဃာတော် များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီး လုံး တော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်အတွက် ဒုတိယအကြိမ် အလှူရှင်များက စုပေါင်းအလှူ တော် ငွေကျပ် သိန်း ၃၀၀၀ ကျော် အား ပေးအပ်လှူဒါန်းရာ ပြည်နယ်၀န်ကြီးချုပ်နှင့် တာဝန် ရှိသူများက လက်ခံရယူပြီး(ယာပုံ) ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
မော်လမြိုင်မြို့ ကျက်သရေ ဆောင် ဦးဇိနစေတီတော်မြတ် ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ငှက်ပျောဖူးတော် တို့တွင် ကိုးလက်မ ပတ်လည် တစ်ကျပ်သား ရွှေစင်၊ ရွှေပြား ၄၅၀ နှင့် ထီးတော်၊ ကြာမှောက် ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် နှစ် လက်မ ပတ်လည် ရွှေဆိုင်း ၂၈၀၀ ကပ်လှူပူဇော်မည် ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)