မော်လမြိုင်မြို့ ရေဝင်ရောက်နေသောရပ်ကွက်များမှ ပြည်သူများအား ဘေးလွတ်ရာနေရာသို့ ယာယီပြောင်းရွှေ့

 

မော်လမြိုင်   ဇူလိုင်   ၂၀


မော်လမြိုင်မြို့နယ်၌     မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေ  မြင့်တက်လာမှု ကြောင့်  မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များ သို့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင်  ရေများ လေးပေခန့် ဝင်ရောက်လာပြီး ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။


အဆိုပါ    ရေကြီး‌ရေလျှံမှုများကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော  စျေးကြို ရပ်ကွက်ရှိ အိမ်ထောင်စု ၆၄ စု လူဦးရေ ၂၃၈ ဦးအား စျေးကြိုရပ်ကွက် ဓမ္မက္ကာရီဓမ္မာရုံသို့ လည်းကောင်း၊      ဇေယျာမြိုင်ရပ်ကွက် အိမ်ထောင်စု ၂၁ စု လူဦးရေ  ၆၇ ဦးအား အမက(၁)ဇေယျာမြိုင်သို့   လည်းကောင်း၊ လှိုင်ရပ်ကွက်ရှိ အိမ်ထောင်စု ၅၁ စု လူဦးရေ ၂၃၀ အား ရတနာသိင်္ဂဘုန်းကြီးကျောင်းသို့ လည်းကောင်း၊  အိမ်ထောင်စု ၁၄  စု လူဦးရေ ၇၀ အား   ဇမ္ဗူဒီပါဘုန်းကြီးကျောင်းသို့ လည်းကောင်း ရွှေ့ပြောင်းထားရာ စုစုပေါင်း လူဦးရေ ၆၀၅ ဦးအား  ရေကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာက ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။


ထို့ပြင်  ရေကြီးရေလျှံမှုများ    ဖြစ်ပေါ် နေသည့်  ရွှေပြည်အေး၊    ဒိုင်းဝန်ကွင်း၊ မြိုင်သာယာ၊ သုခဝတီ၊ ရွှေမြိုင်သီရိ၊ အင်းယား လမ်း၊  လှိုင်ရပ်ကွက်တို့ရှိ   ပြည်သူများကို လည်း မီးသတ်တပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေး မှူး၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအသင်း အဖွဲ့များက  ကူညီကယ်ဆယ်ရေးလုပ်ငန်း များ   သွားရောက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ခရိုင် (ပြန်/ဆက်)