
မော်လမြိုင် ဧပြီ ၂၁
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက် ခဲ့သည့် မွန်ပြည်နယ်မှ စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သည် မော်လမြိုင်မြို့ ကျောက်တန်းစက်ရုံစုမှ တာဝန် ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ ဒေသတွင်း တတ်ကျွမ်းသည့် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ဧပြီ ၂၀ ရက်က တွေ့ဆုံဆွေးနွေး သည်။
တွေ့ဆုံပွဲတွင် ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ် အတွင်းရှိ စက်မှုဇုန်၊ စက်ရုံစုများ တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ၊ စွန့်ပစ်အမှိုက်များနှင့် စွန့်ပစ်ရေ ဆိုးများကို သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများက ကြပ်မတ်ရန်၊ ဒေသထွက် သီးနှံများပေါကြွယ်ဝ စွာထွက်ရှိသည့် ပြည်နယ်တစ်ခု ဖြစ်သဖြင့် ထွက်ကုန်များကို ပြည်တွင်း ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြော ကြားသည်။
ထို့နောက် တက်ရောက်လာ သူများက လိုအပ်သည်များ တင်ပြကြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် မော်လမြိုင်စက်ရုံစု အတွင်း အမှုန့်ကြိတ်စက်ရုံနှင့် အခြား စက်ရုံလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
မွန်ပြည်နယ်တွင် စက်မှုဇုန် များ၊ စက်ရုံစုများ ထပ်မံအကောင် အထည်ဖော်နိုင်ရေးနှင့် ဒေသ ထွက်ကုန်များကို ခေတ်မီ နည်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်၊၊
ခရိုင် (ပြန်ဆက်)