မော်လမြိုင်မြို့ အထက(၁)၌ ဌာနဆိုင်ရာဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေး

မော်လမြိုင်  ဩဂုတ်  ၂၉

မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းသည် ယနေ့နံနက် ၁၁ နာရီက မော်လမြိုင်မြို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌     ဌာနဆိုင်ရာ ဝန်ထမ်းများအား   ကိုဗစ်-၁၉ ရောဂါပိုး   ရှိ၊ မရှိ    Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေး ပေးခြင်းကို ကြည့်ရှုအားပေးသည်။


ဆောင်ရွက်ပေးမည်


ယင်းသို့စစ်ဆေးဆောင်ရွက်ခြင်းသည်  ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ဖြစ်ပွားမှုနှုန်း   အမှန်တကယ်လျော့နည်းကျဆင်း သွားခြင်း ရှိ၊ မရှိ သိရှိနိုင်ရန်အတွက်    ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏   ကြီးကြပ်မှုဖြင့် ပြည်နယ်     ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊   ပရဟိတလူမှုအဖွဲ့အစည်း များ   ပူးပေါင်း၍    ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး  ရှိ၊  မရှိ  Rapid  Antigen Diagnostic Test  Kit ဖြင့်  နှာခေါင်းတို့ဖတ်  နမူနာ ရယူကာ   စစ်ဆေးခြင်းကို    ဩဂုတ်   ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်အထိ   နေ့စဉ် နံနက်    ၉  နာရီမှ   ညနေ ၄ နာရီထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။


အဆိုပါ Rapid Antigen  Diagnostic Test  Kit ဖြင့် စစ်ဆေးတွေ့ရှိပါက ရောဂါဆက်လက်ကုသနိုင် ရေးအတွက်  သတ်မှတ်နေရာများသို့ ပို့ဆောင်ကုသပေး မည်ဖြစ်ပြီး    အလားတူ    မွန်ပြည်နယ်အတွင်း ​မော်လမြိုင်မြို့နယ်  အပါအဝင်  Stay at Home  သတ်မှတ်ထားသည့် မြို့နယ် သုံးမြို့နယ်ရှိဌာနဆိုင်ရာ ဝန်ထမ်းများအား    စစ်​ဆေး​ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။            

    
  ခရိုင်(ပြန်/ဆက်)