
မော်လမြိုင်ကျွန်း ဩဂုတ် ၈
မော်လမြိုင်ကျွန်းမြို့နယ် ခုတင် (၁၀၀) ဆေးရုံကြီး ရုံးခန်းမဆောင်၌ ယနေ့ နံနက် က ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် 10 litre oxygen concentrator ၁၀ လုံးနှင့် dead body အိတ် အလုံး ၁၀၀၊ အမှိုက်အိတ် အလုံး ၆၀၀ လှူဒါန်းပွဲကျင်းပသည်။
အဆိုပါ 10 litre concentrator ၁၀ လုံး အတွက် အလှူရှင်များမှာ မြို့နယ်အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီမှ ငါးလုံး၊ ဦးညွန့်လွင် - ဒေါ်ညိုညို (ထိပ်တန်း ဆန်စက်နှင့် ပွဲရုံလုပ်ငန်း) က နှစ်လုံး၊ ဝါယုဒါန အောက်ဆီဂျင် ကူညီရေးအသင်းက တစ်လုံး၊ ဦးသိန်းစိုးဦး - ဒေါ်အေးအေးခိုင် (တိမ်တံခွန် ဆန်စက်) က တစ်လုံး၊ ဦးဇော်နိုင်ထွေး - ဒေါ်ဌေးဌေး (ဧကရာဇ်ဆန်စက်)က တစ်လုံး တို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး dead body အိတ် အလုံး ၁၀၀၊ အမှိုက်အိတ်အလုံး ၆၀၀ တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့်အလှူရှင်များ က မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်း ထံသို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
အောင်အောင်
(ပြန်/ဆက်)