
မော်လမြိုင် ဖေဖော်ဝါရီ ၂၇
မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မော်လမြိုင်ခရိုင်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင် နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများကို ပေးအပ် လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင် ခန်းမ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက တပ်မတော်သား များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ပန်ဆင်၍ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးကို သက်စွန့် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပြီး စဉ်ဆက်မပြတ် ပေးအပ် လှူဒါန်းနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မော်လမြိုင် ခရိုင်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများ အတွက် ပေးအပ်လှူဒါန်းခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ယု၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူး ကြီး စိုးအောင်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန်း အေးတို့က မော်လမြိုင်ခရိုင် အတွင်း လုံခြုံရေးတာဝန် ထမ်း ဆောင်နေကြသည့် တပ်မတော် သားများအတွက် အသင့်စားသုံး နိုင်သော ငါးတံခွန်ခြောက်ကြော် ဘူး ၂၀၀၊ ငါးပိအစိုကြော်ဘူး ၁၀၀ နှင့် ကွေကာအုပ်အထုပ်ကြီး ၉၀ တို့ကိုပေးအပ်ရာ မော်လမြိုင် တပ်နယ် တပ်နယ်မှူး (ကိုယ်စား) ဗိုလ်မှူး ပြည့်ဖြိုးဝင်းက လက်ခံ ရယူပြီး လုံခြုံရေးတာဝန်များ ကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)