မော်လမြိုင်ဆေးရုံကြီးတွင် Isolation ward တိုးချဲ့ လေးထပ်ဆောင်နှင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ICU တိုးချဲ့ နှစ်ထပ်ဆောင်ဆောက်လုပ်မည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်

 

မော်လမြိုင် စက်တင်ဘာ  ၁၅


မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော် လင်းထွန်းသည်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊   ကျန်းမာရေးဦးစီး ဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က       ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် Isolation ward တိုးချဲ့ လေးထပ် ဆောင်နှင့် ICU တိုးချဲ့ နှစ်ထပ် ဆောင်      ဆောက်လုပ်ခြင်း  လုပ်ငန်း     ညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။


ရှေးဦးစွာ    မွန်ပြည်နယ် ဝန်ကြီးချုပ်အား       ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်းက  မော်လမြိုင် အထွေထွေ ရောဂါကု       ဆေးရုံကြီးတွင်  Isolation ward တိုးချဲ့ လေးထပ် ဆောင်နှင့်  သထုံခရိုင်  ပြည်သူ့ ဆေးရုံကြီးတွင်     ICU တိုးချဲ့ နှစ်ထပ်ဆောင်  ဆောက်လုပ်မည့်   အစီအစဉ်များကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်က နည်း ပညာမြင့် အဆောက်အအုံဒီဇိုင်း များဖြင့် ခေတ်မီစွာ ဆောက်လုပ် ရေး၊   အထူးကြပ်မတ်    ကုသ ဆောင် အဆောက်အအုံများတွင် အောက်ဆီဂျင်၊  ရေနှင့်  မီးလိုင်း များကောင်းမွန်ရေး၊      ကိုဗစ်-၁၉ရောဂါနှင့်       အတူယှဉ်တွဲ နေထိုင်ရေးအတွက်  အဆင့်မြှင့် တင်  ပြင်ဆင်သွားရန် မှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြ ဆွေးနွေးမှုအပေါ်  ပေါင်းစပ်ညှိနှိုင်း ပေးသည်၊၊


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မွန်ပြည် နယ်အစိုးရအဖွဲ့ရုံး    ဟင်္သာခန်းမ၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန        ဝန်ထမ်းများနှင့်   တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ် က             ဌာနဝန်ထမ်းများသည်    ပြည်သူအတွက်   အလုပ်လုပ်ကိုင် ရသည့်     ဌာနအဖွဲ့အစည်းဖြစ် ကြောင်း၊        နိုင်ငံတော်ယန္တရား စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှား စေရေး      နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်တို့          အရ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို    လိုက်နာရန် လိုအပ်ကြောင်း    ပြောကြားပြီး ဝန်ထမ်းတစ်ဦးလျှင်    ဆန် ရှစ်ပြည် အိတ်တစ်အိတ်နှင့် Track suit တစ်စုံနှုန်းဖြင့်   ဝန်ထမ်း ၂၁၈ ဦးအတွက်      တန်ဖိုးငွေကျပ် ၆၄၃၁၀၀၀  ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းများက     လက်ခံရယူခဲ့ ကြောင်း သိရသည်၊၊

ဇာဖြူဝင်း(ပြန်/ဆက်)