
နေပြည်တော် ဇန်နဝါရီ ၁၆
ဇန်နဝါရီ ၁၆ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ၂၁ မိနစ် ၀၄ စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့မြောက်ဘက် ၂၉ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၈၃ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒသမ ၈၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ချ်)တာစကေး ၃ ဒသမ ၈ အဆင့် ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာ့အလင်း