မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ စုပေါင်းသန့်ရှင်း အမှိုက်ကောက်လှုပ်ရှားမှု ဆောင်ရွက်

 

မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး ၂၀၂၃ ခုနှစ် ဇွန်လခန့်တွင်ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မည်

 

နေပြည်တော်   ဧပြီ   ၂


ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင်   စုပေါင်းသန့်ရှင်း   အမှိုက် ကောက်လှုပ်ရှားမှုကို   ယနေ့  နံနက်  ၇ နာရီတွင် ဆောင်ရွက်သည်။

 


ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုပ်ငန်းများဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး   ၂၀၂၁ ခုနှစ်   ဒီဇင်ဘာလတွင် အဆိုပြုစာတွဲ (Nomination Dossier) (Complete) ကို ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သို့ ပေးပို့ပြီးစီးခဲ့သည့် အဆိုပြုစာတွဲ (Nomination Dossier) ပါ ဆောင်ရွက်ချက်များကို ၂၀၂၂ ခုနှစ်   စက်တင်ဘာလအတွင်း   နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့်      နေရာများ ကောင်စီ (ICOMOS- International Council on Monuments and Sites) ၏ Technical Evaluation Team က လာရောက် စစ်ဆေးမည်ဖြစ်သည်။

 


ထိုသို့   စစ်ဆေးပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လခန့်တွင် ကျင်းပ မည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံတွင်  ဆွေးနွေးဆုံးဖြတ် မည်ဖြစ်၍ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် အဆိုပြုစာတွဲ    (Nomination  Dossier)ပါ စီမံခန့်ခွဲမှုလုပ်ငန်းစဉ် ဖြစ်သည့် ကမ္ဘာ့အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး လုပ်ငန်း စဉ်သည် အရေးပါသော လုပ်ငန်း စဉ်တစ်ရပ်ဖြစ်သည်။

 


သို့ဖြစ်ပါ၍     မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု  အမွေ အနှစ်ဒေသ   ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရေး   အဆိုပြု စာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှုအစီအစဉ်မှ  တစ်ခုအပါ အဝင်ဖြစ်သော ကမ္ဘာ့အမွေအနှစ် ဒေသ   သန့်ရှင်းသာယာလှပရေး လူထုပူးပေါင်းသန့်ရှင်း   အမှိုက် ကောက် လှုပ်ရှားဆောင်ရွက်မှုကို ယနေ့   နံနက်ပိုင်းတွင်   ဒေသခံ ပြည်သူများနှင့်    ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား ၅၀၀ ခန့်  မြောက်ဦး ယဉ်ကျေးမှုနယ်မြေ သျှစ်သောင်း ဘုရား ဧရိယာတစ်ဝိုက်မှ ရတနာ ပုံကွင်း ဧရိယာအထိ ဆောင်ရွက် ခဲ့ကြသည်။

 


အဆိုပါ      စုပေါင်းအမှိုက် ကောက် လှုပ်ရှားမှု ဆောင်ရွက် ရာသို့ သာသနာရေးနှင့် ယဉ်ကျေး မှု  ဝန်ကြီးဌာန၊   ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်  ဦးညိုမြင့်ထွန်း၊  မြောက်ဦး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန် ရှိသူများ ဦးဆောင်ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း    သိရ သည်။                    
 

သတင်းစဉ်