မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား သတ်မှတ်စုရပ် ငါးနေရာ၌ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

မြောက်ဦး  စက်တင်ဘာ   ၁၉


ရခိုင်ပြည်နယ် မြောက်ဦးခရိုင်  မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများမှ လာရောက်ခိုလှုံနေ ကြသော ကျေးလက်နေတိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက  သတ်မှတ်စုရပ် ငါးနေရာ၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါတိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ကာ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 
ထိုသို့  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး ရာတွင် တိုက်ပွဲရှောင်စခန်းများဖြစ်သည့် ငစွယ်ကန် ကျေးရွာ တိုက်ပွဲရှောင်စခန်း၊ ပြလှကျေးရွာ တိုက်ပွဲ ရှောင်စခန်း၊    ကုလားချောင်းကျေးရွာ   တိုက်ပွဲ ရှောင်စခန်း၊  ဒိုင်းဂျီရွာသစ် တိုက်ပွဲရှောင်စခန်းနှင့် ရွာဟောင်းတိုက်ပွဲ ရှောင်စခန်းများမှ အသက်(၁၈)နှစ်မှ (၄၅)နှစ်အထိ ပြည်သူ ၁၅၂ ဦး၊ အသက်(၄၅)နှစ်မှ (၆၅)နှစ်အထိ ပြည်သူ ၆၁ ဦး၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူ ၂၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက အဆိုပါ     တိုက်ပွဲရှောင်စခန်းရှိ     ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ  ဆက်လက် ထိုးနှံပေးလျက်ရှိသည်။  

 ထိုသို့မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်များ၌     ကာကွယ်ဆေးများ     ဆက်လက်ထိုးနှံပေးရာတွင်    ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊    ရပ်/ကျေး  စာရေးများနှင့်   တိုက်ပွဲရှောင်စခန်းတာဝန်ခံများ     ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ   လမ်းညွှန်ချက်များနှင့် အညီ  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတိုးနှင့် ဆီးချို ရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းများနှင့် ပုံမှန်အနေအထား  ရောက်ရှိ မှသာ  ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး ခြင်းဖြစ်ရာ ကာကွယ်ဆေးထိုးနှံပြီးသူများ မိနစ် ၃၀ ခန့်  အနားယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက် ရှိပြီး ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲရှောင်စခန်းငါးခုမှ    တိုက်ပွဲရှောင် ပြည်သူ စုစုပေါင်း ၂၃၄ ဦးအား ကိုဗစ် ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 


ခင်မောင်ထွန်း(ပြန်/ဆက်)