မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

 

မြောက်ဦး စက်တင်ဘာ  ၁၈


ရခိုင်ပြည်နယ်    မြောက်ဦးခရိုင် မြောက်ဦး     မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ယာယီ ဖွင့်လှစ်ထားသော   တိုက်ပွဲရှောင် စခန်းများမှ ဆေးထိုးနှံရန် ကျန်ရှိ သော လာရောက်ခိုလှုံသူ ပြည်သူ များအား   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး  (Sinopharm) ဆေးများ ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက သတ်မှတ် စုရပ်(၈)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက အဆိုပါတိုက်ပွဲရှောင်စခန်း များသို့   သွားရောက်ပြီး  ကိုဗစ် ကာကွယ်ဆေးများ  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း  သိရ သည်။


ကာကွယ်ဆေးထိုးနှံပေး


ထိုသို့    ကာကွယ်ဆေးများ    ဆက်လက်     ထိုးနှံပေးရာတွင်   တိုက်ပွဲရှောင်စခန်းများဖြစ်သည့် စင်းဘောကိုင်း    တိုက်ပွဲရှောင် စခန်း၊ သျှစ်သောင်းတိုက်ပွဲရှောင် စခန်း၊    မြတန်ဆောင်း    တိုက်ပွဲ ရှောင်စခန်း၊   လက်ကောက်ဈေး တိုက်ပွဲရှောင်စခန်း၊       ရွှေထီး ဆောင်း    တိုက်ပွဲရှောင်စခန်း၊ ထမ္မရာဇ် တိုက်ပွဲရှောင်စခန်းနှင့်ကျောက်ရာဇ်ကေ   တိုက်ပွဲရှောင် စခန်းများမှ အသက် (၁၈)နှစ်မှ (၄၅)နှစ်အထိ ပြည်သူ ၃၁၉ ဦး၊ အသက်(၄၅)နှစ်မှ(၆၅)နှစ်အထိ ပြည်သူ ၆၉ ဦး၊ အသက် (၆၅)နှစ် အထက် ပြည်သူ   ၂၃  ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ  ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်  ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊       ရပ်ကွက်စာရေးများနှင့် တိုက်ပွဲရှောင်စခန်း တာဝန်ခံများ ပူးပေါင်းကာ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ      ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ 


ကျန်းမာရေးစစ်ဆေးပေး


ထိုသို့    မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်        စခန်းများ၌ ကာကွယ်ဆေးများ   ဆက်လက် ထိုးနှံပေးရာတွင်    ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ရောဂါ ဆိုင်ရာ    လမ်းညွှန်ချက်များနှင့် အညီ   ကိုယ်အပူချိန်  တိုင်းတာ ပေးခြင်း၊       သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊    သွေးတိုးနှင့် ဆီးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေး ခြင်းများနှင့်   ပုံမှန်အနေအထား ရောက်ရှိမှသာ  ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးခြင်း ဖြစ်ရာ ကာကွယ်ဆေးထိုးနှံပြီးသူ များ  မိနစ်  ၃၀   ခန့်  အနားယူ စောင့်ကြည့်ခြင်းများ ဆောင်ရွက် လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်း ရှစ်ခုမှ တိုက်ပွဲ ရှောင်ပြည်သူ စုစုပေါင်း ၄၁၁ ဦး အား  ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်     ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။ 


ခင်မောင်ထွန်း
(ပြန်/ဆက်)