
မြောက်ဦး ဇူလိုင် ၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ရတနာ့မာရ်အောင် ကျောင်း တိုက်မှ မြောက်ဦးဆရာတော်ကြီး ဝနဝါသီ အရှင်ဝါယာမိန္ဒ ဦးစီး လျက် ရခိုင်ပြည်နယ်လုံးကျွတ် အောက်ဆီဂျင် လုံလောက်စွာ ရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် အောက်ဆီ ဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် စက်ရုံအတွင်းရှိ စက်ကိရိယာများ စမ်းသပ်လည်ပတ်မှုကို ဇူလိုင် ၂၁ ရက်က ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုသည်။
ထို့နောက် မြောက်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်း မြတ်နိုင်က အောက်ဆီဂျင် လုံလောက်စွာ ထုတ်လုပ်ရရှိနိုင် ရေးနှင့် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်၊ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေ ရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုစားပေး နိုင်ရန် အတွက် အောက်ဆီဂျင်ထုတ်လုပ် သည့်စက်ရုံအတွင်း၌ စက်ပစ္စည်း များ တပ်ဆင်နေမှုများနှင့် အောက်ဆီဂျင်စက် စတင်စမ်းသပ် မောင်းနှင် လည်ပတ်နေမှုများကို လှည့်လည် ကြည့်ရှုပြီးနောက် လိုအပ်သည်များ ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ယခုတည် ဆောက်ပြီးစီးသည့် အောက်ဆီ ဂျင်ထုတ်လုပ်သည့် စက်ရုံမှာ အလျားပေ ၅၀၊ အနံပေ ၂၀ နှင့် အမြင့် ၁၈ ပေရှိ အာစီတစ်ထပ် အဆောက်အအုံဖြစ်ပြီး တစ်နေ့ လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဘူး ၄၀ ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကာ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များ ဖြစ်သော ပုဏ္ဏားကျွန်း၊ ယိုး တရုတ်၊ ကျောက်တော်၊ တိန်ညို၊ ပန်းမြောင်း၊ မြောင်းဘွေ၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ကမ်းထောင့်ကြီး မြို့နယ်များရှိ မြို့နယ် ပြည်သူ့ဆေးရုံများတွင် လာရောက် ဆေးကုသမှုခံယူ နေသော လူနာများ၊ ပြင်ပမှ အရေးပေါ်လူနာများနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ အတွက် အောက်ဆီဂျင်အရေးပေါ် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း နန်းရိပ် ဂရုဏာ အောက်ဆီဂျင် အခမဲ့ ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမောင်ဝင်းချေထံမှ သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)