မြောက်ဦးမြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်း

 

မြောက်ဦး  ဩဂုတ်  ၂၉


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့်   ဝါတွင်းကာလ အတွင်း ဘုန်းကြီးကျောင်းများ၌   အရုဏ်ဆွမ်းများ     အခက်အခဲ မဖြစ်ပေါ်စေရေးအတွက်   ရခိုင် ပြည်နယ် အစိုးရအဖွဲ့က လှူဒါန်း သော   ဆွမ်းဆန်စိမ်း၊  ဆီနှင့် လှူဖွယ်ပစ္စည်းများကို   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ဦးဆောင် ကာ ယမန်နေ့   မွန်းလွဲ ၂ နာရီက အဆိုပါ ဘုန်းကြီးကျောင်းများသို့ သွားရောက်လှူဒါန်းသည်။


ထိုသို့ ဆွမ်းဆန်စိမ်း၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆက်ကပ်       လှူဒါန်းရာတွင် မြောက်ဦး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ       ဦးစိုးစိုးသက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊   မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့်     မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဝင်များက   အောင်မင်္ဂလာပညာ သာမီကာရာမကျောင်းတိုက် ဦးစီး ပဓာနနာယက     မဟာဂန္ထဝါစက ပဏ္ဍိတ၊      အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊         အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး  ကိုဗစ်-၁၉    ကာလအတွင်း   ဘုန်းကြီး ကျောင်းတိုက်အသီး သီးရှိ       ဝါဆိုသံဃာတော်များ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း  အခက် အခဲမရှိစေရန်အတွက်       ရခိုင် ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်း သော      ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်းများအပြင် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း ရခြင်းဖြစ်ကြောင်း      မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးစိုးစိုး သက်က ဆရာတော်ကြီးများအား  လျှောက်ထားသည်။ ထို့နောက်  ဆွမ်းဆန်စိမ်း၊ ဆီနှင့်   လှူဖွယ် ပစ္စည်းများကို  ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး      လှူဒါန်းမှုအစုစုတို့ အတွက်   ရေစက်သွန်းချ   အမျှ ပေးဝေကြသည်။ 


ဆက်လက်၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးဆောင် သောအဖွဲ့သည် ကိုဗစ်-၁၉ ကာလ အတွင်း   ဆွမ်းအခက်အခဲရှိနေ သည့်   ဘုန်းကြီးကျောင်း   ၃၆ ကျောင်းမှ   သံဃာတော်များနှင့် သီလရှင်များအတွက်        ရခိုင် ပြည်နယ်အစိုးရဖွဲ့က လှူဒါန်းသော ဝတ္ထုငွေကျပ်    ၂၀၉၁၀၀၀   နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့်   ငွေကျပ် ၁၀ သိန်း   စုစုပေါင်း     ငွေကျပ်  ၂၀၉၁၀၀၀ တန်ဖိုးရှိသော ပေါ်ဆန်း မွှေး  ၉၁ အိတ်၊   ဆီ  လီတာ  ၂၅၀ နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း လျှင်   ငွေကျပ်   ၆၀၀၀၀   စီကို အဆိုပါ ဘုန်းကြီးကျောင်းများသို့      သွားရောက်   ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။


ခင်မောင်ထွန်း(ပြန်/ဆက်)