မြောက်ဦးမြို့၌ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးကို AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် မော်တော်ယာဉ်ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

 

 

နေပြည်တော် ဇန်နဝါရီ ၁၂

 

မြောက်ဦးမြို့၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးကို AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

မြောက်ဦးမြို့ နယ်မြေခံရဲတပ်ဖွဲ့ဌာနချုပ်မှ မိသားစုဝင်များသည် ဇန်နဝါရီ ၁၁ ရက် နံနက် ပိုင်းတွင် တပ်ဖွဲ့ပိုင်မော်တော်ယာဉ်နှစ်စီးဖြင့် မြောက်ဦးမြို့မဈေးသို့ သွားရောက်ဈေးဝယ်ပြီး ပြန်လာစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့ သကျမာန်အောင်ဘုရားအနီး၌ AA အဖွဲ့က အဝေးထိန်းမိုင်းတစ်လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ ပိုင် မော်တော်ယာဉ်ထိမှန် ပျက်စီးသွားသော်လည်း လူထိမှန်ဒဏ်ရာရရှိမှုမရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်