မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

စစ်တွေ     ဇူလိုင်   ၁၉
ရခိုင်ပြည်နယ်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊      ရခိုင်ပြည်နယ်     ဝန်ကြီးချုပ် ဦးထိန်လင်းသည်    ဒုတိယဝန်ကြီးများ၊     ပြည်နယ် ဝန်ကြီးများ၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်အတူ  ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း    ပြန်လည်ထူထောင်ရေးနှင့်   စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ   ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက်  ကွင်းဆင်းပြီး     ဒေသခံပြည်သူများနှင့်     တွေ့ဆုံ ကြသည်။
ဦးစွာ     ပြည်နယ်ဝန်ကြီးချုပ်နှင့်     အဖွဲ့သည်  မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌   မြောက်ဦးခရိုင်နှင့်   မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက် ရောက်ကြသည်။    တွေ့ဆုံပွဲတွင်      မြောက်ဦးမြို့ နယ်    ပြန်လည်ထူထောင်ရေးတာဝန်ခံ    ဗိုလ်ချုပ် သောင်းထိုက်ရွှေက    ဆိုင်ကလုန်းမုန်တိုင်း  (မိုခါ) တိုက်ခတ်မှုကြောင့်          ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျဖြန့်ဝေ  ထားရှိမှုနှင့် မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ  ဖြန့်ဝေထားရှိမှုတို့ကို  ရှင်းလင်းတင်ပြသည်။
ထို့နောက်   တွေ့ဆုံပွဲသို့   တက်ရောက်လာကြ သည့်  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများ    ဆောင်ရွက်နေမှုနှင့်     တိုးချဲ့မွေးမြူ၊ စိုက်ပျိုးနိုင်ရေး    လိုအပ်ချက်များကို   တင်ပြကြရာ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း မိမိတို့ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့်  ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားကြသည်။ 
ကူညီထောက်ပံ့ပေးသွားမည်
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က    မြောက်ဦးခရိုင်သည်     ရေခံမြေခံကောင်းပြီး  စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန် အလွန်ကောင်းသော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများ အနေဖြင့်   လက်မှုလယ်ယာစနစ်မှ  စက်မှုလယ်ယာ  စနစ်သို့   ပြောင်းလဲတိုးတက်လာသည်ကို   တွေ့ရ၍ များစွာဝမ်းသာမိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ  ကလည်း မုန်တိုင်းကာလပြီးနောက် ရခိုင်ပြည်နယ်  အား  ယခင်အခြေအနေထက်   သာလွန်ကောင်းမွန်  အောင် လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားထားပြီး  လိုအပ်သည့် ကူညီထောက်ပံ့မှုများ များစွာဆောင် ရွက်လျက်ရှိကြောင်း၊   မိမိတို့   ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို  အဓိကထားဆောင် ရွက်နေသည့်  ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အဓိက အားဖြင့်    စားရေရိက္ခာဖူလုံရေးသည်     အဓိကဖြစ်  ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်  ကူညီထောက်ပံ့မှုများကို  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ  တွင်     အချိန်မီ     စိုက်ပျိုးထွန်ယက်ပြီးစီးနိုင်ရေး  ကြိုးစားလုပ်ဆောင်ပေးကြစေလိုကြောင်း၊ မုန်တိုင်း  ဒဏ်ကြောင့်  ထိခိုက်ခဲ့သည့်  တောင်သူများအတွက်  မြောက်ဦးမြို့နယ်တွင် အချိန်မီစိုက်ပျိုးထွန်ယက်  နိုင်ရန်  လယ်ထွန်စက်များကို  ဖြန့်ဝေပေးထားပြီး  ဖြစ်ကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်  ဌာဆိုင်ရာများကလည်း         မြေပြင်ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်  တွေ့ဆုံ၍   ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ လိုအပ်သည့်  နည်းပညာများကို ပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊   တောင်သူများအတွက်     လိုအပ်သည့် နည်းပညာများ၊    စိုက်ပျိုးရေး   နည်းစနစ်များကို အသိပညာပေး ဆွေးနွေးပေးကြရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျ နည်းစနစ် ကောင်းကောင်းဖြင့် စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊  နိုင်ငံတော်မှလည်း       မုန်တိုင်းအလွန်ကာလတွင်  စိုက်ပျိုးရေး၊  မွေးမြူရေးလုပ်ငန်းများ  ပိုမိုတိုးတက်  ကောင်းမွန်လာစေရန်     အထွက်နှုန်းကောင်းသည့်  မျိုးကောင်းမျိုးသန့်များကို   ပေးပို့ထားပါကြောင်း ပြောကြားသည်။
ယင်းနောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်    အဖွဲ့ သည်   အခမ်းအနားသို့  တက်ရောက်လာကြသူများ အား   ရင်းရင်းနှီးနှီး   တွေ့ဆုံနှုတ်ဆက်   အားပေး စကား ပြောကြားခဲ့ကြသည်။
စားသောက်ဖွယ်ရာများ ထောက်ပံ့
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့သည်  မြောက်ဦးမြို့နယ်    တိမ်ညိုရွာမဘုန်းတော်ကြီး ကျောင်းရှိ      ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာသို့ သွားရောက်၍    ကျောင်းထိုင်ဆရာတော်ကြီးအား  ဖူးမြော်ကာ  မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ သည့် သာသနိကအဆောက်အဦများ ပြုပြင်ပြီးစီးမှု  အခြေအနေများနှင့်     ဆက်လက်ဆောင်ရွက်မည့်  အခြေအနေများအား လျှောက်ထားပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ၊   ကျောင်းတိုက်အတွင်း    ဓမ္မာရုံ ပြန်လည်ပြုပြင်ရန်အတွက်     သွပ်နှင့်      သစ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိန်ညိုရွာသစ် ဘုန်းတော် ကြီးကျောင်း၌  ဌာနဆိုင်ရာ  ပူးပေါင်းအဖွဲ့များက  ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြော ခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း၊ ပန်းခင်းစီမံချက် (အဆင့်-၂)  ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင် ရွက်နေမှုကို       လှည့်လည်ကြည့်ရှုအားပေးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်     ဒေသခံပြည်သူများ အတွက်  စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ကျောက်တော်မြို့နယ်ရှိ  မဟာမုနိဘုရားကြီးအား  သွားရောက်ဖူးမြော်ကြကာ ဆွမ်း၊ ပန်း၊ ရေချမ်းများ  ကပ်လှူပူဇော်ကြပြီး   ဘုရားကြီးသိမ်တော်  ဘက်စုံ ပြုပြင်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့်  တွေ့ဆုံပွဲသို့  တက်ရောက်ကြ သည်။     တွေ့ဆုံပွဲတွင်        ကျောက်တော်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ      ဗိုလ်မှူးချုပ် အောင်သူဦးက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ် မှုကြောင့်     ပျက်စီးဆုံးရှုံးမှုများအပေါ်    ပြန်လည် ထူထောင်ရေးလုပ်ငန်းများ     ဆောင်ရွက်နေမှုနှင့်  ကယ်ဆယ်ရေးပစ္စည်းများ     စနစ်တကျ    ဖြန့်ဝေ  ထားရှိမှုနှင့် မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ  ဖြန့်ဝေထားရှိမှုနှင့် ကျောက်တော်မြို့ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ 
ပေါင်းစပ်ညှိနှိုင်းပေး
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်း များဆောင်ရွက်နေမှု၊  မိုးစပါးများ အချိန်မီစိုက်ပျိုး နိုင်ရန်အတွက် လယ်ထွန်စက်များ ဖြန့်ဝေပေးထားမှု၊ အထွက်နှုန်းကောင်းသည့် မျိုးစပါးများ ဖြန့်ဝေပေး ထားမှု၊   ဟင်းသီးဟင်းရွက်မျိုးစေ့များ   ဖြန့်ဝေပေး ထားမှု၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးထားသည့် အတွက်  ယခင်နှစ်များထက် အထွက်နှုန်းကောင်း အောင်  စနစ်တကျစိုက်ပျိုးနိုင်ရေးနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ      တိုးချဲ့လုပ်ကိုင်နိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားပြီး     ဒေသဖွံ့ဖြိုးရေး အတွက်     လိုအပ်ချက်များကို    တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ရှိ ကျောင်းဆောင် များ ပြန်လည်ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုအခြေ အနေများကို    သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ဆရာကြီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ကျောင်းအတွက် လိုအပ်ချက်များ ကို   ရှင်းလင်းတင်ပြသည်။  တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က     ပေါင်းစပ်ညှိနှိုင်းပေးပြီး ကျောင်းသား ကျောင်းသူများအတွက် ဆန်နှင့် ဆီ များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍    ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ သည်     ကျောက်တော်မြို့နယ်      ပုဏ္ဏားကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ   မိုးစပါးစံပြကွက်ဧက  ၂၀  စိုက်ပျိုးနေမှုကို  သွားရောက်ကြည့်ရှု အားပေးကြ ပြီး အပေါက်ဝကျေးရွာ၌ တစ်ဧကအထွက်နှုန်းတင်း ၁၀၀ အထက် ထွက်ရှိရေး ပေါင်ပျိုးစံပြခင်းများအား သွားရောက်ကြည့်ရှုအားပေးကြကာ ဒေသခံတောင်သူ များနှင့် တွေ့ဆုံကြသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်နယ် ဝန်ကြီးချုပ်နှင့်  ဒုတိယဝန်ကြီးများက  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြရန်နှင့် အထွက်နှုန်းကောင်းသည့်   မျိုးစပါးများအား  စနစ် တကျ  စိုက်ပျိုးကြရန်  မှာကြားပြီး  တောင်သူများ အား   စားသောက်ဖွယ်ရာများ   ထောက်ပံ့ပေးအပ် ကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့သည်  ကျောက်တော်မြို့နယ် ယိုးချောင်းတံတား ပေ ၄၂၀  အား    အသစ်တည်ဆောက်နေမှုကို     သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ညနေပိုင်းတွင်    ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ သည် စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်  ကျေးရွာ၌ တောင်သူဦးဘညွန့်မောင်၏ လယ်ဧက  ၁ ဒသမ ၅၀ ဧကတွင် မိုခါမုန်တိုင်းသင့် တောင်သူများ အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော မျိုးစပါး (GW-11) ၁၀ ဧကစိုက်ပျိုးရန် ပျိုးခင်းများ ပျိုးထောင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးကြရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက  ပုဏ္ဏားကျွန်းမြို့နယ် အတွင်း    အထွက်နှုန်းကောင်းသည့်      မျိုးစပါးများ ဖြန့်ဝေထားရှိမှုနှင့်   ထွန်ယက်စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ်  ပြည်နယ် ဦးစီးမှူးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို မှာကြားသည်။
ဆက်လက်၍    ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်    တောင်သူများနှင့်  တွေ့ဆုံ၍    အထွက်နှုန်း ကောင်းသည့် မျိုးစပါးများကို စနစ်တကျ စိုက်ပျိုး ကြရန်နှင့် လိုအပ်သည့်နည်းပညာများအား စိုက်ပျိုး ရေးဦးစီးဌာနနှင့်  ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားပြီး တောင်သူများအား စားသောက်ဖွယ်ရာ များ   ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း       သတင်း ရရှိသည်။                           တင်ထွန်း(ပြန်/ဆက်)