မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၏ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် Medical Oxygen ပိုက်လိုင်းများကို မသမာသူများက ဖျက်ဆီး

 

နေပြည်တော်   ဇူလိုင်    ၂၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ         အနေဖြင့် ကိုဗစ်-၁၉   ကူးစက်ရောဂါ  (တတိယလှိုင်း) စတင် ကူးစက်ပြန့်ပွားမှု မရှိသေးမီကာလကပင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး  လိုအပ်သည့်   ကြိုတင်ပြင်ဆင် စုဖွဲ့မှုများကို အလေးထားဆောင်ရွက်ခဲ့သည်။ ရောဂါ  စတင်ကူးစက်မှု ဖြစ်ပွားလာသည့်အချိန်တွင်လည်း ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို ကာကွယ်၊ ထိန်းချုပ် နိုင်ရေး စည်းကမ်းချက်များချမှတ်၍ ပြည်သူလူထုကို အသိပညာပေး    စည်းရုံးလှုံ့ဆော်ခြင်း၊    အတည်ပြု လူနာများနှင့် သံသယလူနာများ ထားရှိရန် Quaran-tine Center များကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်၍ ကုသမှုများ ဆောင်ရွက်ပေးခြင်း၊ အတည်ပြုလူနာ များ၏   အောက်ဆီဂျင်  လိုအပ်ချက်ကို   ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်တွင်း ထုတ်လုပ်မှု  တိုးမြှင့်ခြင်းသာမက  ပြည်ပမှ  မှာယူ တင်သွင်းခြင်း၊ ကာကွယ်ဆေးများ မှာယူတင်သွင်း ခြင်း၊   ကုသဆေးများကို   မှာယူ၍   ကုသမှုများကို ဆောင်ရွက်ခြင်းတို့ကို အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 


နေ့မအား၊ ညမနား ကြိုးပမ်း


ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးအရ  အမြတ်ထုတ်လိုသည့်        အကြမ်းဖက်လူတစ်စု၏ နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှု၊ CDM လှုပ်ရှားမှု တွင်    ပါဝင်ဆောင်ရွက်လျက်ရှိသည့်   ကျန်းမာရေး ဝန်ထမ်းအချို့၏ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှု  စသည့်   အခက်အခဲများကြားမှ     ပြည်သူလူထု၏ အသက်အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းပေးနိုင်ရေး အတွက် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက် ရှိသည့်    တာဝန်သိ    နိုင်ငံ့ဝန်ထမ်းကောင်းများ၊ စေတနာ့ဝန်ထမ်းများ၊ တပ်မတော်မှ တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များဖြင့် နေ့မအား၊ ညမနား ကြိုးပမ်း ၍   ပြည်သူလူထု၏   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ဆောင်ရွက်မှုများဖြင့်    ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက် ရှိသော်လည်း NUG ၊ CRPH အပါအဝင် အကြမ်းဖက် အဖွဲ့အစည်းများနှင့်   ၎င်းတို့ကို   ထောက်ခံသော မသမာသူအချို့အနေဖြင့်  ၎င်းတို့၏  နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို         ထိခိုက်စေရန်အတွက် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ အတည်ပြုလူနာများကို သေကျေသည်အထိ ပစ်မှတ် ထား ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။


ထုရိုက်ဖျက်ဆီးခဲ့


ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ မြောက်ဥက္ကလာ၊ အထွေထွေရောဂါကု နှင့်  သင်ကြားရေးဆေးရုံကြီး၏ ခွဲစိတ်ခန်းနှင့် အထူး ကြပ်မတ်ကုသဆောင်တွင် အသုံးပြုသည့် ၁၀ တန် ဆံ့ Liquid Oxygen သိုလှောင်ကန်မှ ထွက်ရှိလာသော  Medical    Oxygen   များကို     ပိုက်လိုင်းများဖြင့် အောက်ဆီဂျင်ဖြန့်ဝေ၍ ဆောင်ရွက်ပေးလျက်ရှိရာ မသမာသူများက ၎င်းပိုက်လိုင်းများအနက် အထူး ကြပ်မတ်ကုသဆောင်သို့ ပေးပို့ထားသော ၁ ဒသမ ၂၅   လက်မရှိ  အောက်ဆီဂျင်ပိုက်လိုင်းကို   ကာရံ ထားသည့် အုတ်ခုံနှင့် ပိုက်လိုင်းကို ဇူလိုင် ၁၉ ရက် တွင် ထုရိုက်ဖျက်ဆီးခဲ့ကြသည်။ 


ထိုကဲ့သို့ ထုရိုက်ဖျက်ဆီးခဲ့မှုကြောင့် လူနာများ အောက်ဆီဂျင်ပေးဝေမှုကို ၂၅ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်နိုင်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့၏ အသက် ကို ထိခိုက်စေခဲ့သည်။ ထိုကဲ့သို့ ထိခိုက်စေခဲ့မှုအပေါ်  ယနေ့တွင်    တာဝန်ရှိသူများက     ပိုက်လိုင်းနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆောင် ရွက်ခဲ့ပြီး    လူနာများ   ထပ်မံထိခိုက်ဆုံးရှုံးမှုမရှိ စေရေးအတွက် ပိုက်လိုင်းအသစ် ထပ်မံပြုလုပ်၍ အောက်ဆီဂျင်ပေးဝေခြင်းကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယနေ့ ညနေပိုင်းမှစတင်၍ မူလအတိုင်း ရာခိုင်နှုန်းပြည့် ပြန်လည်ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


ထိုသို့  NUG ၊  CRPH  အပါအဝင် အကြမ်းဖက် အဖွဲ့များနှင့် ၎င်းတို့ကို ထောက်ခံသော မသမာသူ အချို့၏ လုပ်ရပ်ကြောင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်အောင် ဆောင်ရွက်ခဲ့မှု အပေါ် ပြည်သူလူထုက လွန်စွာစက်ဆုတ်ရွံရှာလျက် ရှိပြီး ထိုကဲ့သို့  ဆောင်ရွက်ခဲ့သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ပြည်သူလူထုများအနေဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်