မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များ၏ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

 

နေပြည်တော်   ဧပြီ    ၂၅


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များ၏ အသက် နှစ်လမှ နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ပြုလုပ်ရာ  နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများ၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ  ဆရာဝန်များနှင့် သူနာပြုများက တပ်ရင်း၊ တပ်ဖွဲ့များရှိ ကလေးငယ် ၁၀၄ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးတို့ကို  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊    ပိုလီယို ကာကွယ်ဆေး၊    ဝက်သက်၊ ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ ကို ထိုးနှံတိုက်ကျွေးကြသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက်   အာဟာရဖြည့်   စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်