မြောက်ကိုရီးယားခေါင်းဆောင်နှင့် ရုရှားသမ္မတတို့ ဗာ့စတာ့ချနီအာကာသစခန်း၌တွေ့ဆုံ

 

မော်စကို   စက်တင်ဘာ   ၁၃


ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ  ခေါင်းဆောင်  ကင်ဂျုံအန်းနှင့် စက်တင်ဘာ ၁၃ ရက်က  ရုရှားနိုင်ငံ အရှေ့ဖျားရှိ အမူရာဒေသ ဗာ့စတာ့ချနီ အာကာသစခန်း ၌ တွေ့ဆုံခဲ့သည်ဟု  ရုရှားနိုင်ငံ၏ စပွန်းနစ်ခ် သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။  


တွေ့ဆုံပွဲအခမ်းအနားတွင်   ခေါင်းဆောင်နှစ်ဦးသည်    အတိုချုံး ဆွေးနွေးခဲ့ကြသည်ဟု  စပွန်းနစ်ခ်တွင်ဖော်ပြထားသည်။  မြောက် ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအန်း  အာကာသစခန်းသို့ ရောက်ရှိ လာပြီးနောက်  နှစ်ဦးသားတွေ့ဆုံခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်း  နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်မည်ဟု သိရသည်။                        

  ဆင်ဟွာ