
ရွှေတောင် နိုဝင်ဘာ ၁
ရွှေတောင်မြို့နယ်၌ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ပြန်လည် နေရာချထားမည့် ညောင်စာရေး ကျေးရွာအုပ်စု လှေကြီးစုကျေးရွာ အိမ်ထောင်စုများအတွက် မြေယာ လျော်ကြေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက်က မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း အောင်က အမှာစကားပြောကြား ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး တိုးလှိုင်၊ ရွှေတောင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်း အောင်၊ အတွင်းရေးမှူး ရဲမှူး နိုင်စိုး၊ အဖွဲ့ဝင်(၃) လဝကမှူး ဦးသန်းထူးတို့က မြေယာ လျော်ကြေး ငွေကျပ်သိန်း ၅၀ နှင့် ညောင်စာရေး ကျေးရွာအုပ်စု လှေကြီးစုကျေးရွာရှိ ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွေ့ရန် လိုအပ်သည့် အိမ်ထောင်စု ၂၇ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် တစ်အိတ်၊ ဆီငါးပိဿာ၊ ပဲ သုံးပိဿာ၊ ဆားတစ်ပိဿာ စားနပ်ရိက္ခာ ကုန်ကျငွေကျပ် ၂၇၅၄၀၀၀ စုစုပေါင်း ငွေကျပ် ၇၇၅၄၀၀၀ ထောက်ပံ့ပေးအပ် သည်။
ကိုကိုမင်း (ပြန်/ဆက်)