
နေပြည်တော် မေ ၂၂
ယနေ့ နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခွဲခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း နှစ်ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံ ပြုအပ်ပါသည်။
မိုး/ဇလ