မြစ်ကြီးနားတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် အသက် နှစ်လမှ နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

 

နေပြည်တော်   ဇွန်  ၂၇
မြောက်ပိုင်းတိုင်း    စစ်ဌာနချုပ် မြစ်ကြီးနား         တပ်နယ်ရှိ တပ်မတော်သား    မိသားစုဝင် အသက် နှစ်လမှ နှစ်နှစ်အောက် ကလေးငယ်များနှင့်   ကိုယ်ဝန် ဆောင်မိခင်များအား       ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို   ယနေ့   နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်     အားကစား ခန်းမ၌ပြုလုပ်ရာ     နယ်မြေခံ တပ်မတော်ဆေးရုံမှ  ပါရဂူများ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် သူနာပြုများက တပ်ရင်း၊ တပ်ဖွဲ့များရှိ ကလေး ငယ် ၇၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးတို့ကို  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊   ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ် ဆေး၊  ဝက်သက်၊   ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်     အမြှေးရောင် ငါးမျိုးစပ်   ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို တိုင်းမှူး ဗိုလ်ချုပ် ကိုကို မောင်နှင့်   တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့ အတွက်  အာဟာရဖြည့်    စား သောက်ဖွယ်ရာများ   ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်