
မြစ်ကြီးနား မေ ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို မေ ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဝင်း အတွင်း မိုးလုံလေလုံအားကစားခန်းမနှင့် ဖူဆယ် ဘောလုံးကွင်းဘေး ကွင်းပြင်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ပါဝင်ဆင်နွှဲကြသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီးဒေါ်နန်ဆိုင်း ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များ၊ မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ၊ လူမှုပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ သတ်မှတ် နေရာအသီးသီး၌ ယမနေ၊ သစ်အယ်၊ ပျဉ်းကတိုး၊ တမလန်း၊ မျောက်လုပ်၊ သစ်တို၊ ခလောင်၊ ငါးပေါက်၊ ချယ်ရီအစရှိသည့် အရိပ်ရသစ်ပင်ကြီးမျိုး ၄၀၀ကျော် တို့ကို စုပေါင်းစိုက်ပျိုးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၂၀ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့နယ်မြေခံတပ် အားကစားကွင်း၌ ကျင်းပသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း နောက်ဆုံး ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းမှူးဗိုလ်ချုပ်မြတ် သက်ဦးထံ တိုင်းစစ်ဌာနချုပ်အတွက် အားကစား အထောက်အကူပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား တပ်နယ်(က)အသင်းနှင့် မြစ်ကြီးနားတပ်နယ် (ဆ) အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြစ်ကြီးနားတပ်နယ်(က)အသင်း က လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲပြီး တိုင်းမှူးက ပထမဆုရ အသင်းအား ဒိုင်းဆုကို ပေးအပ်ချီးမြှင့် ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)