မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များနေ ကျောင်းသား ကျောင်းသူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံအားပေးထောက်ပံ့

 

မြစ်ကြီးနား  ဇူလိုင်  ၁၀


၂၀၁၉ -၂၀၂၀ ၊ ၂၀၂၁ - ၂၀၂၂ ၊  ၂၀၂၂ - ၂၀၂၃ ပညာ သင်နှစ်များအတွက်    မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင် များတွင်  နေထိုင်၍   ပညာသင်ကြားလျက်ရှိသော အဆောင်နေ   ကျောင်းသား   ကျောင်းသူများအား  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူ များက ဇူလိုင် ၉ ရက်က   တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌         သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့သည်။

 


တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို တက္ကသိုလ်တွင်    ပညာရပ်အသီးသီးကို   သင်ယူ ဆည်းပူးနေစဉ်ကာလအတွင်း ကျောင်းဆောင်တွင် အတူနေထိုင်ခွင့်ရရှိပြီး   အသိပညာ၊  အတတ်ပညာ အလိမ္မာများတိုးပွားအောင် တစ်ဦးနှင့်တစ်ဦး ဖေးမ ကူညီပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်နှင့် နိုင်ငံ၏ အကျိုးစီးပွားကို  သယ်ပိုးဆောင်ရွက်ကြသည့်အခါ တွင်လည်း အဆောင်နေဘဝမှ ရရှိခဲ့သည့် တစ်ဦး ကိုတစ်ဦး   စာနာထောက်ထားမှု၊   ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊    ချစ်ကြည်ရင်းနှီးမှု၊ အတွေ့အကြုံများကို  အသုံးချတတ်ရန်  လိုအပ်ပါ ကြောင်း    တိုက်တွန်းပြောကြားပြီး   မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက အားပေးအမှာစကားပြောကြားသည်။ 

 


ဆက်လက်၍          တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကျောင်းသား ကျောင်းသူ များအား        လမ်းညွှန်အမှာစကားပြောကြားပြီး တက္ကသိုလ်‌ကျောင်းသားဟောင်းတစ်ဦးက မိတ်ဆက် စကားပြောကြားကာ            ပညာသင်နှစ်အလိုက် ကျောင်းသား  ကျောင်းသူများက အချင်းချင်းကြိုဆို နှုတ်ခွန်းဆက်စကားနှင့်    ကျေးဇူးတင်စကားများ အပြန်အလှန်ပြောကြားကြသည်။

 


ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊  ဆဒုံးဘွမ်  မောင်နှမဆောင်များနေ ကျောင်းသား  ကျောင်းသူများအတွက် မတည်ရန်ပုံငွေ အဖြစ် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်  ၁၅ သိန်း နှင့် တိုင်းမှူးက ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ ပေးအပ်ကြပြီးဘူမိဗေဒပါမောက္ခ  ဒေါက်တာတင် ဇော်ဦးက  ဖူဆယ်နှင့်   ပိုက်ကျော်ခြင်းအားကစားထူးချွန်ဆုရကျောင်းသားနှင့်    ဓာတုဗေဒတွဲဖက်   ပါမောက္ခ ဒေါ်ခင်မလတ်က ကြက်တောင်နှင့် ဖူဆယ် အမျိုးသမီး အားကစားထူးချွန်ဆုရ    ကျောင်းသူများ အား   ဂုဏ်ပြုဆုများကို     အသီးသီးပေးအပ်ချီးမြှင့်ကြ သည်။

 


ယင်းနောက်   ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူး၊  ပြည်နယ်တရားလွှတ်တော်       တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများက ပညာသင်နှစ်အလိုက်  ကျောင်းသား ကျောင်းသူများ က တိုင်းရင်းသားရိုးရာ တေးသရုပ်ဖော် အကအလှ များဖြင့်   ဖျော်ဖြေတင်ဆက်မှုကို   ကြည့်ရှုအားပေး ကြပြီး   မောင်နှမဆောင်များနေ    ကျောင်းသား  ကျောင်းသူများ၏  မိတ်ဆုံညစာအား အတူတကွသုံး‌ ဆောင်ခဲ့ကြကြောင်း  သိရသည်။


ပြည်နယ်(ပြန်/ဆက်)