မြစ်ကြီးနားမြို့ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများအား အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်

 

မြစ်ကြီးနား   မတ်    ၁၃


ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဘာသာရေးအသင်း အဖွဲ့များ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကို   မတ် ၁၂ ရက်က မြစ်ကြီးနားမြို့၌ ကျင်းပသည်။
ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်   ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်   တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် ဝန်ကြီးများသည် မြစ်ကြီးနား မြို့နယ်   စုပေါင်းရုံး  မနောရွှေပြည်ခန်းမ၌   ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းဝန်ထမ်း ၁၁၅ ဦး၊  မြစ်ကြီးနား မူးယစ် ဆေးစွဲရောဂါကုဆေးရုံ၊   ပြည်နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန၊    ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်း ၃၅ ဦး စုစုပေါင်း ဝန်ထမ်း ၁၅၀ တို့အတွက် ထောက်ပံ့ ငွေကျပ် ၇၅ သိန်းနှင့် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်အိတ် ၈၉ အိတ်၊ ဆီ ၂၂ ပုံးနှင့် ခရမ်း ချဉ်သီး၊   မုန်လာထုပ်များကို   ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် မြစ်ကြီးနားမြို့ ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး အစည်းအဝေးခန်းမ၌ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များ အပြင်  အရေးပေါ်အခြေအနေများတွင်   တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြု သည့်အနေဖြင့်  ပြည်နယ်ရဲတပ်ဖွဲ့ရှိ အရာရှိ၊ အခြား အဆင့်တပ်ဖွဲ့ဝင်စုစုပေါင်း   ၅၂၃   ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်   ၁၀၂  သိန်းနှင့်  ဆန်အိတ် ၁၂၀၊ ဆီ ၃၁ ပုံးနှင့် ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို ထောက်ပံ့ပေးအပ်သည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြစ်ကြီးနားမြို့ ယူနန်ဘုံကျောင်းသို့ ဘာသာ ရေးအဖွဲ့အစည်းအသီးသီးမှ   တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ယူနန်ဘုံကျောင်း၊    အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းများ၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ၊ ဂေါ်ရခါးဓမ္မ ချုပ်နှင့် တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှု စာသင်ကျောင်းတို့အတွက် အလှူငွေကျပ် စုစုပေါင်း ၁၃ သိန်းနှင့် ဆန်အိတ် ၁၂၀ ၊ ဆီ ၁၂ ပုံး၊ ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် နောင်နန်းကျေးရွာအတွင်း ရှိ ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်၌ ဓမ္မတက္ကသိုလ်ကျောင်းအုပ်၊ ဓမ္မ အမှု‌‌ဆောင် သိက္ခာတော်ရ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ဓမ္မတက္ကသိုလ်အတွက် အလှူငွေကျပ် သိန်း  ၅၀  နှင့်  ဆန်အိတ်  ၅၀  အိတ်၊ ဆီငါးပုံး၊ ခရမ်း ချဉ်သီး၊ ဂေါ်ဖီထုပ်များကို ထောက်ပံ့ပေးအပ်သည်။
ထို့အတူ    ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က သမိဒ္ဓေါဒယသီလ ရှင်ကျောင်း   တိုက်အသစ်နှင့် အဟောင်းတို့အတွက် အလှူငွေကျပ် သိန်း ၂၀ ၊ ဆန်အိတ်   ၂၀၊  ဆီနှစ်ပုံး နှင့်    ခရမ်ချဉ်သီး၊   ဂေါ်ဖီထုပ်များကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)